Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကမ္ဘာ့ဘဏ်ကမြန်မာ့စီးပွား​ရေးအ​ခြေအ​နေကိုမခန့်မှန်းတတ်တော့

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟုဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ်စတင်ပြီး စီးပွားရေးအခြေအနေများကိုခန့်မှန်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က​ဖော်ပြထားသည်။

အလုပ်လက်မဲ့ပြသာနာ၊​​ငွေ​ကြေး​ဖောင်ပွမှု ၊အလုပ်အကိုင်များဆုံးရှုံးမှု ၊​ငွေ​ကြေးမူဝါဒမတည်ငြိမ်မှု၊လာဘ်​ပေးလာဘ်ယူပြသာနာကြီးမားလာမှုများကိုမြန်မာပြည်သူများခါးစီးခံ​နေရသည်။
အလုပ်လက်မဲ့ပြသာနာ၊​​ငွေ​ကြေး​ဖောင်ပွမှု ၊အလုပ်အကိုင်များဆုံးရှုံးမှု ၊​ငွေ​ကြေးမူဝါဒမတည်ငြိမ်မှု၊လာဘ်​ပေးလာဘ်ယူပြသာနာကြီးမားလာမှုများကိုမြန်မာပြည်သူများခါးစီးခံ​နေရသည်။

●စစ်တပ်အာဏာသိမ်းထား​​သော ၂၀၂၁တွင်စီးပွား​ရေး ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးမ​သေချာမ​ရေရာမှုများမြင့်မားနေ၍စီးပွား​ရေးခန့်မှန်းတွက်ချက်မှုကို အာရှပစိဖိတ်တွင်မြန်မာတစ်နိုင်ငံတည်းကိုချန်လှပ်

စစ်တပ်အာဏာသိမ်းထားသည့်တစ်နှစ်ကျော်အတွင်းမသေချာမရေရာမှုများ မြင့်မားလာ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ် ၂၀၂၂ ဇွန်တွင် နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင် ယခုလို ဆိုထားခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟုဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ်စတင်ပြီး စီးပွားရေးအခြေအနေများကိုခန့်မှန်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီ​​ဈေးတက်လာပြီး ဆီဝယ်ရန်ခက်ခဲလာခြင်း​ကြောင့် လွန်ခဲ့​သော နှစ် ၂၀ ​ရှေ့ပိုင်းပအ​ခြေအ​နေပြန်​ရောက်လာသည်။
စက်သုံးဆီ​​ဈေးတက်လာပြီး ဆီဝယ်ရန်ခက်ခဲလာခြင်း​ကြောင့် လွန်ခဲ့​သော နှစ် ၂၀ ​ရှေ့ပိုင်းပအ​ခြေအ​နေပြန်​ရောက်လာသည်။

မြန်မာ့စီးပွားရေးသည့် ၂၀၂၁ခုနှစ်အတွင်း စီးပွားရေးကျဆင်းနှုန်းသည် ၁၈ ရာခိုင်နှုန်းရှိခဲ့သည်ဟုလည်းတွက်ချက်​ဖော်ပြထားသည်။ သို့သော်လည်း ၂၀၂၂မှစတင်ပြီး မြန်မာ့စီးပွားရေးကို ကမ္ဘာ့ဘဏ်က ခန့်မှန်းခြင်းမရှိတော့ပေ။
ထိုဖြစ်ရပ်သည် အာရှ ပစိဖိတ်နိုင်ငံများအတွင်း တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည်။

“စစ်ကောင်စီရဲ့ တင်းကြပ်ပြီး မတည်ငြိမ်တဲ့ မူဝါဒတွေကြောင့် စီးပွားရေးက အနိမ့်ဆုံးကို ကျဆင်းသွားတာပါတယ်”ဟု စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

စစ်အာဏာရှင်စနစ်နှင့်အတူ မီးပျက်ခြင်းပြသာနာမှာအတူတွဲပါလာသည်။ လုပ်ငန်းများမှာမီးပျက်၍ မီးစက်အသုံးပြုရပြီးစက်သုံးဆီ​ဈေးပါတက်ရာ ထုတ်လုပ်စာရိတ်မတက်နိုင်​သောလုပ်ငန်းများရပ်နားကုန်သလို၊ ထုတ်လုပ်စာရိတ်များမြင့်တက်​နေသည်။

ဒေါ်လာအ​ပေါ်ကန့်သတ်မှု၊ ဆက်သွယ်ရေးကွန်ယက်ကိုထိန်းချုပ်နှင့် နိုင်ငံတွင်း ကျယ်ပြန့်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာ့စီးပွားရေးသည် ကြောက်စရာကောင်းမွန်လောက်အောင် ပျက်စီးသွားကြောင်း ၎င်းကဆက်​ပြောသည်။

၂၀၂၂ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံကို ၂ ဒဿမ ၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၅ ဒဿမ ၉ နှင့် ကမ္ဘောဒီယားနိုင်ငံကို ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းထားသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျလာပြီး နိုင်ငံအတွင်းအလုပ်လက်မဲ့ပြသနာ၊ ဝင်ငွေဆုံးရှုံးသည့်ဒဏ်၊ ကျန်းမာရေးနှင့်အစားအသောက် မလုံလောက်သည့် ဒဏ်များကို ပြည်သူများခံစားနေရသည်ဟုလည်း ကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ခွန်းနိုတယောက်လည်း ကရင်နီဒေသက စစ်ဘေးရှောင် ယာယီတဲတခုထဲမှာ လဲလျောင်းနေရင်း မသန်စွမ်းသူတယောက်ရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။

သတင်း

အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မေလ ၁၄ရက်တွင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များသို့ ဝင်ရောက်ခဲ့ရာ ကြိုတင်ပြင်ဆင်မှုရ၍ လူသေဆုံးမှု နည်းသော် လည်း အိုးအိမ်ပျက်စီးမှု အများအပြားကြုံရသည်ဟု ဆိုသည်။

သတင်း

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။