Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ဘဏ်ကမြန်မာ့စီးပွား​ရေးအ​ခြေအ​နေကိုမခန့်မှန်းတတ်တော့

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟုဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ်စတင်ပြီး စီးပွားရေးအခြေအနေများကိုခန့်မှန်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က​ဖော်ပြထားသည်။

အလုပ်လက်မဲ့ပြသာနာ၊​​ငွေ​ကြေး​ဖောင်ပွမှု ၊အလုပ်အကိုင်များဆုံးရှုံးမှု ၊​ငွေ​ကြေးမူဝါဒမတည်ငြိမ်မှု၊လာဘ်​ပေးလာဘ်ယူပြသာနာကြီးမားလာမှုများကိုမြန်မာပြည်သူများခါးစီးခံ​နေရသည်။
အလုပ်လက်မဲ့ပြသာနာ၊​​ငွေ​ကြေး​ဖောင်ပွမှု ၊အလုပ်အကိုင်များဆုံးရှုံးမှု ၊​ငွေ​ကြေးမူဝါဒမတည်ငြိမ်မှု၊လာဘ်​ပေးလာဘ်ယူပြသာနာကြီးမားလာမှုများကိုမြန်မာပြည်သူများခါးစီးခံ​နေရသည်။

●စစ်တပ်အာဏာသိမ်းထား​​သော ၂၀၂၁တွင်စီးပွား​ရေး ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးမ​သေချာမ​ရေရာမှုများမြင့်မားနေ၍စီးပွား​ရေးခန့်မှန်းတွက်ချက်မှုကို အာရှပစိဖိတ်တွင်မြန်မာတစ်နိုင်ငံတည်းကိုချန်လှပ်

စစ်တပ်အာဏာသိမ်းထားသည့်တစ်နှစ်ကျော်အတွင်းမသေချာမရေရာမှုများ မြင့်မားလာ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကိုခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ် ၂၀၂၂ ဇွန်တွင် နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင် ယခုလို ဆိုထားခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟုဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ်စတင်ပြီး စီးပွားရေးအခြေအနေများကိုခန့်မှန်းနိုင်စွမ်းမရှိတော့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စက်သုံးဆီ​​ဈေးတက်လာပြီး ဆီဝယ်ရန်ခက်ခဲလာခြင်း​ကြောင့် လွန်ခဲ့​သော နှစ် ၂၀ ​ရှေ့ပိုင်းပအ​ခြေအ​နေပြန်​ရောက်လာသည်။
စက်သုံးဆီ​​ဈေးတက်လာပြီး ဆီဝယ်ရန်ခက်ခဲလာခြင်း​ကြောင့် လွန်ခဲ့​သော နှစ် ၂၀ ​ရှေ့ပိုင်းပအ​ခြေအ​နေပြန်​ရောက်လာသည်။

မြန်မာ့စီးပွားရေးသည့် ၂၀၂၁ခုနှစ်အတွင်း စီးပွားရေးကျဆင်းနှုန်းသည် ၁၈ ရာခိုင်နှုန်းရှိခဲ့သည်ဟုလည်းတွက်ချက်​ဖော်ပြထားသည်။ သို့သော်လည်း ၂၀၂၂မှစတင်ပြီး မြန်မာ့စီးပွားရေးကို ကမ္ဘာ့ဘဏ်က ခန့်မှန်းခြင်းမရှိတော့ပေ။
ထိုဖြစ်ရပ်သည် အာရှ ပစိဖိတ်နိုင်ငံများအတွင်း တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည်။

“စစ်ကောင်စီရဲ့ တင်းကြပ်ပြီး မတည်ငြိမ်တဲ့ မူဝါဒတွေကြောင့် စီးပွားရေးက အနိမ့်ဆုံးကို ကျဆင်းသွားတာပါတယ်”ဟု စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

စစ်အာဏာရှင်စနစ်နှင့်အတူ မီးပျက်ခြင်းပြသာနာမှာအတူတွဲပါလာသည်။ လုပ်ငန်းများမှာမီးပျက်၍ မီးစက်အသုံးပြုရပြီးစက်သုံးဆီ​ဈေးပါတက်ရာ ထုတ်လုပ်စာရိတ်မတက်နိုင်​သောလုပ်ငန်းများရပ်နားကုန်သလို၊ ထုတ်လုပ်စာရိတ်များမြင့်တက်​နေသည်။

ဒေါ်လာအ​ပေါ်ကန့်သတ်မှု၊ ဆက်သွယ်ရေးကွန်ယက်ကိုထိန်းချုပ်နှင့် နိုင်ငံတွင်း ကျယ်ပြန့်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာ့စီးပွားရေးသည် ကြောက်စရာကောင်းမွန်လောက်အောင် ပျက်စီးသွားကြောင်း ၎င်းကဆက်​ပြောသည်။

၂၀၂၂ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ထိုင်းနိုင်ငံကို ၂ ဒဿမ ၉ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၅ ဒဿမ ၉ နှင့် ကမ္ဘောဒီယားနိုင်ငံကို ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းထားသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျလာပြီး နိုင်ငံအတွင်းအလုပ်လက်မဲ့ပြသနာ၊ ဝင်ငွေဆုံးရှုံးသည့်ဒဏ်၊ ကျန်းမာရေးနှင့်အစားအသောက် မလုံလောက်သည့် ဒဏ်များကို ပြည်သူများခံစားနေရသည်ဟုလည်း ကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...

Facebook