Connect with us

Hi, what are you looking for?

သတင်း

ရွာမိဿာကျေးရွာအနီး ၁၀မိနစ်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးခန့်သေ

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူအပါအဝင် ၂၀ကျော် ထိခိုက်သွားကြောင်း၊ ကားဖြင့်သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် FreedomRevolutionForce အဖွဲ့က သတင်းထုတ်ပြန်သည်။

(Ye-U Urban Guerrilla အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(Ye-U Urban Guerrilla အဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရွာမိဿာကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ရှစ်ဦးခန့်သေဆုံးကြောင်း Ye-U Urban Guerrilla အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၈ ရက်) နံနက် ၈နာရီခန့်က ရေဦးမြို့နယ်၊ ရွာမိဿာအုပ်စု ရွာမိ​ဿာကျေးရွာ အရှေ့ဘက် ညောင်လှမူးဆုံကြားတွင် အကြမ်းဖက်စစ်တပ်၏ နောက်ချန် အင်အား ၅၀ခန့်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Ye-U Urban Guerrilla အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိသွားကြောင်း Ye-U Urban Guerrilla အဖွဲ့က အသိပေးသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိသော်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူအပါအဝင် ၂၀ကျော် ထိခိုက်သွားကြောင်း၊ ကားဖြင့်သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် FreedomRevolutionForce အဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၇ရက် ညနေပိုင်းကလည်း ရေဦးမြို့နယ် ချမ်းသာရွာမှ ပြည်သူပိုင်နေအိမ်ပေါင်း ၁၁၀ခန့်ကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းဒေသခံများက ပြောသည်။

ရေဦးမြို့နယ်အတွင်းရှိ ဗိုလ်မုတ်ဆိတ်အဖွဲ့၊Freedom Revolution Force (FRF)တပ်ဖွဲ့၊DRPA တပ်ဖွဲ့၊ Ye-U Urban Guerrilla၊ ရေဦးမြို့နယ် ပကဖပူးပေါင်းအဖွဲ့၊ ဒီပဲယင်းမြို့နယ် PDFများ စသည့်တပ်ဖွဲ့တို့က ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Ye-U Urban Guerrilla အဖွဲ့အား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

တော်လှန်ရေးအဖွဲ့ပေါင်းစုံမှ လက်ဦးမှုဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြပြီးတော်လှန်ရေးသမားများအထိအခိုက်မရှိကြောင်း ၊အကြမ်းဖက်စစ်တပ်ဘက်မှ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။