Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးအကူ ဟိန်းမျိုးလတ် ရှင်းလင်းခံရ

ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ နေအိမ်သို့ပြန်လာသည့် ဟိန်းမျိုးလတ်အား ယနေ့ (ဇွန် ၁၀ ရက်) နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ဓနဝတီလမ်း၌ သေနတ်ဖြင့် လေးချက်တိတိပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တောင်ဒဂုံမြို့
တောင်ဒဂုံမြို့

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၊ (၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးအကူ ဟိန်းမျိုးလတ်(ခ)တရုတ် အားရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Freedom From Fear Youths က ထုတ်ပြန် သည်။

ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ နေအိမ်သို့ပြန်လာသည့် ဟိန်းမျိုးလတ်အား ယနေ့ (ဇွန် ၁၀ ရက်) နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ဓနဝတီလမ်း၌ သေနတ်ဖြင့် လေးချက်တိတိပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီရဲ့နောက်လိုက်လုပ်နေပီး ဆိုင်ကယ်ဖမ်းဆီးမှုတွေမှာလည်း နောက်လိုက်အဖြစ် ပါတယ်။ရုံးတွေပိတ်တုန်းကလည်းရုံးကိုစောင့်ပေးပြီး တော်လှန်ရေးရဲဘော်တွေအိမ်ကိုလည်းလက်ညိုးလိုက်ထိုးပြနေတယ်ဟု သိရှိရသောကြောင့်သုတ်သင်ရှင်းလင်းခဲ့တာပါ”ဟု Freedom From Fear Youths အဖွဲ့က ပြော သည်။

ယမန်နေ့ကလည်း သာကေတမြို့နယ် ၇/ အရှေ့ ရပ်ကွက်၊ အောင်သပြေလမ်းနှင့် ဓမ္မာရုံလမ်း ထောင့်တွင် ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အလားတူ လှိုင်သာယာနှင့် တောင်ဒဂုံမြို့နယ်မှ စစ်ကောင်စီနောက်လိုက်နှစ်ဦးမှာလည်း ဇွန်လ ၉ ရက်တွင်သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ နောက်လိုက်များဖြစ်သည့် ရဲ၊စစ်သားနှင့် အုပ်ချုပ်ရေးမှူးများကို အမြစ်ပြတ်ရှင်းလင်းမည်ဖြစ်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုများက မကြာသေးမီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။