Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင်စစ်​ကောင်စီယာဥ်တန်းကိုမိုင်းခွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကားမှာ ဘယ်ဘက်တစ်ခြမ်းလုံး စုတ်ပြတ်သွား၍ ကားပေါ်ပါစစ်ကောင်စီတပ် ၆ ဦးလုံး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ ၃ ဦးမှာ မျက်နှာများ စုတ်ပြတ်သွားကာ သေဆုံးနိုင်ခြေများကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မေလကုန်ပိုင်းက 27 Revolution Force အဖွဲ့ပါဝင်တိုက်ခိုက်ခဲ့သည့် ​မြောင်နယ်တိုက်ပွဲတစ်ခုမှ ပြည်သူရဲဘော်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မေလကုန်ပိုင်းက 27 Revolution Force အဖွဲ့ပါဝင်တိုက်ခိုက်ခဲ့သည့် ​မြောင်နယ်တိုက်ပွဲတစ်ခုမှ ပြည်သူရဲဘော်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသော ယာဥ်တစ်စီးအား ပဒေသာမိုင်းခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၉ ရက်နေ့) နံနက် ၈း၂၀ ခန့်က မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာတွင် အခြေချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ ကားတစ်စီးသည် ကိုင်းကျေးရွာမှ မြင်းခြံမြို့သို့အသွား လမ်းတစ်နေရာတွင် ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကားမှာ ဘယ်ဘက်တစ်ခြမ်းလုံး စုတ်ပြတ်သွား၍ ကားပေါ်ပါစစ်ကောင်စီတပ် ၆ ဦးလုံး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ ၃ ဦးမှာ မျက်နှာများ စုတ်ပြတ်သွားကာ သေဆုံးနိုင်ခြေများကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်မှုအား မြင်းခြံခရိုင် တပ်ရင်း၁ 27 Revolution Force၊ Burmese Guerrilla Force-(BGF)၊ 11 Brothers Revolution Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Revolution Forceက အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်ရာတွင် အားကောင်းသည့်မြို့နယ်တစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။