Connect with us

Hi, what are you looking for?

သတင်း

CDM အရေးအတွက် CRPH၊ လွှတ်တော်အမတ်များတွေ့ဆုံဆွေးနွေး

တွေ့ဆုံဆွေးနွေးရာတွင် ကြားကာလပညာရေးမူဝါဒများ၊ ဖက်ဒရယ်ကျောင်းဖော်ဆောင်နေမှုများ၊ HBL နှင့် Online, On ground ပညာသင်ကြားမှုနည်းစနစ်များ၊ CRPH ပြည်သူ့ရေးရာကော်မတီနှင့် ဝန်ကြီးဌာနများအကြား လက်တွဲဖော်ဆောင်နေမှုများ စသည့်အချက်များကို ထည့်သွင်းဆွေးနွေးသည်။

CDM အရေးအတွက် CRPH ၊ လွှတ်တော်အမတ်များတွေ့ဆုံဆွေးနွေး
CDM အရေးအတွက် CRPH ၊ လွှတ်တော်အမတ်များတွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ပြည်သူ့ရေးရာကော်မတီသည် တိုင်းလွှတ်တော်အမတ်များနှင့် CDM အရေးဦးဆောင်သူများနှင့် ဇွန် ၁၀ နှင့် ၁၁ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် CDM အရေးဦးဆောင်သူများအကြား အချိတ်အဆက်မိမိလုပ်ငန်းဆောင်ရွက်နိုင်ရန် Ahlu Shin Application ကို အများပြည်သူများအကြား ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသို့တွေ့ဆုံမှုတွင် မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းလွှတ်တော် ကိုယ်စားလှယ်များပါဝင်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ကြားကာလပညာရေးမူဝါဒများ၊ ဖက်ဒရယ်ကျောင်းဖော်ဆောင်နေမှုများ၊ HBL နှင့် Online, On ground ပညာသင်ကြားမှုနည်းစနစ်များ၊ CRPH ပြည်သူ့ရေးရာကော်မတီနှင့် ဝန်ကြီးဌာနများအကြား လက်တွဲဖော်ဆောင်နေမှုများ စသည့်အချက်များကို ထည့်သွင်းဆွေးနွေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ရေးရာကော်မတီက CDM များသို့ အရေးပေါ်ကူညီပံ့ပိုးနေမှုများ၊ Ahlu Shin Application အသုံးပြုပုံ နည်းစနစ်များ၊ CDM ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း Application အား ဝိုင်းဝန်းပံ့ပိုးပေးကြပါရန်နှင့် လက်တွဲ ညှိနှိုင်းဆောင်ရွက်သွားရမည့် အချက်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်သည်။

ဆွေးနွေးပွဲသို့ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ NUG ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးစိုင်းခိုင်မျိုးထွန်း၊ ဒေါ်ဂျာထွယ်ပန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့များ၊ CDM အရေးဦးဆောင်သူများနှင့် CDM သူရဲကောင်းများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။