Connect with us

Hi, what are you looking for?

သတင်း

ဒီတစ်ပတ်အတွင်းမိုးသည်းထန်နိုင်ပြီး ဧရာ၀တီနဲ့ ချင်းတွင်းမြစ်တွေ မြစ်ရေမြင့်တက်လာနိုင်

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်(မြောက်ပိုင်းနဲ့အရှေ့ပိုင်း)တွေမှာ မိုးပိုလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဧရာဝတီနဲ့ချင်းတွင်းမြစ် မြစ်ရေမြင့်တက်
ဧရာဝတီနဲ့ချင်းတွင်းမြစ် မြစ်ရေမြင့်တက်

အခုရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံလေအားကောင်းနိုင်တဲ့အတွက် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ပြီး ဧရာ၀တီနဲ့ ချင်းတွင်းမြစ်တွေမှာ မြစ်ရေတွေမြင့်တက်လာနိုင်တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၁၃ ရက်ကနေ ၁၉ ရက်အထိ အခုရက်သတ္တပတ်သတိပြုဖို့မှာ ဘင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံလေးအားကောင်းနိုင်တာကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးသည်းထန်နိုင်ပြီး ဧရာ၀တီနဲ့ ချင်းတွင်းမြစ်တွေမှာ မြစ်ရေတွေမြင့်တက်လာနိုင်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။

ဧရာဝတီနဲ့ချင်းတွင်းမြစ် မြစ်ရေမြင့်တက်
ဧရာဝတီနဲ့ချင်းတွင်းမြစ် မြစ်ရေမြင့်တက်

လာမယ့် ဇွန် ၁၇ ရက်မှာ ကချင်ပြည်နယ်မှာ နေရာကွက်မိုးကြီးနိုင်ပြီး ဇွန် ၁၈ ရက်မှာ ကချင်နဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်မိုးကြီးနိုင်သလို ဇွန် ၁၉ ရက်မှာလည်း ရခိုင်ပြည်နယ်အတွင်းမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရက်ခြားမိုးဆက်လက်ရနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးဆက်လက်ပိုနိုင်ကာ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ဧရာ၀တီတိုင်းက ဒေသတချို့တွေမှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဧရာဝတီနဲ့ချင်းတွင်းမြစ် မြစ်ရေမြင့်တက်
ဧရာဝတီနဲ့ချင်းတွင်းမြစ် မြစ်ရေမြင့်တက်

ဒါ့အပြင် ဇွန်လအကုန်ထိဟာ မိုးဦးကာလအတွင်းမှာသာရှိနေပြီး နောက်ထပ်မိုးဦးကာလ မုန်တိုင်းငယ်တွေဖြစ်လာနိုင်ပေမယ့် အခုတပတ်အတွင်းမှတော့ ဖြစ်လာနိုင်ခြေနည်းပါးနေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်(မြောက်ပိုင်းနဲ့အရှေ့ပိုင်း)တွေမှာ မိုးပိုလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လတ်တလောမှာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေကြီးမှုဖြစ်ပွားနေလို့ လူဦးရေ(၃၀၀)ခန့်ဟာ ဘေးလွတ်ရာကို ယာယီတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်ကြောင်းတလျှောက်ရွှေတူးဖော်တာ မလုပ်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်တဲ့စာထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အပြင်းအထန် သည်းသည်းမည်းမည်း ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးတွေကြောင့် ပါကစ္စတန် မြောက်ပိုင်းမှာ တစ်ရက်အတွင်း လူ ၁၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။