Connect with us

Hi, what are you looking for?

သတင်း

သထုံမြို့နယ်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်​နေ၊ဇွန် ၁၃တိုက်ပွဲတွင်စစ်​ကောင်စီတပ်၁၇ဦးခန့်​သေဟုPDFထုတ်ပြန်

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦး ​ခြေထာက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင် စီဘက်မှ အရေးပေါ်လူနာတင်ကား၃စီးဖြင့်၎င်းတို့၏သေဆုံး၊ ဒဏ်ရာရသူများကိုလာရောက်သယ်ဆောင်သွားကြောင်း အသိပေးသည်။

(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))
(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))

KNU သထုံခရိုင် တပ်မဟာ(၁)၊သထုံမြို့နယ် KNLAတပ်ရင်း(၂)နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ဇွန် ၁၃ ရက်ဖြစ်​သောတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၁၇ ဦးခန့်ရှိကြောင်း ကျိုက်ထိုခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော်တပ်ရင်း – ၃က ယ​နေ့(ဇွန် ၁၄ ရက်)
တွင် ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၃ ရက်)နေ့လည် ၂ နာရီ ၃၂ မိနစ် ခန့်က ကျိုက်ထိုမြို့နယ် ဂူကူးကျေးရွာအနီး စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေတပ်မတော်တပ်ရင်း-၃ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့မှုဖြစ် ပွားချိန် ၁၀ မိနစ် ‌ခန့်ကြာမြင့်ခဲ့သည်ဟု​​သိရသည်။

(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))
(PDF တပ်ဖွဲ့ဝင်များနှင့် စစ်​ကောင်စီတပ်ကို ​ပြောက်ကျားနည်းဖြင့်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-PDF-3(ကျိုက်ထိုခရိုင်))

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦး ​ခြေထာက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင် စီဘက်မှ အရေးပေါ်လူနာတင်ကား၃စီးဖြင့်၎င်းတို့၏သေဆုံး၊ ဒဏ်ရာရသူများကိုလာရောက်သယ်ဆောင်သွားကြောင်း အသိပေးသည်။

ထို့အပြင်ယနေ့ (ဇွန် ၁၄ ရက်) နံနက် ၆ နာရီခွဲခန့်ကဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းတွင်KNLAဦးဆောင်​သောပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်ခဲ့​ကြောင်းကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကမငြိမ်သေးဘူး။ရန်သူ့ ဘက်က တိုးလာလို့ ကြားဖြတ်တိုက်နေတာ”ဟု ၎င်းကလူထုနွေဦးသို့ပြောကြားသည်။

ဇွန်၁၄ရက်နံနက်၆နာရီခွဲခန့်ကစ၍ဝီယော်-ထုံးဘို​လေး-ပိန္နဲတော လမ်းပိုင်းတွင် KNLA ဦးဆောင်၍ ပူးပေါင်းတပ်ဖွဲ့များဖြင့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံတပ်များမှလက်နက်ကြီးများဖြင့် ပစ်ကူပေးနေ၍လည်း တိုက်ပွဲ အနီးရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုရှိပြီး ပြည်သူများထိခိုက်မှုရှိ၊မရှိကိုမူ မသိရသေးဟု ထုတ်ပြန်ထားသည်။

ထိုအပြင် ယ​နေ့နံနက်မှာပင် ကျိုက်ထို မြို့နယ် မဲရုံးကြီး​ကျေးရွာအနီးစစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်ကို KNLA /PDFပူး​ပေါင်းတပ်ကတိုက်ခိုက်ခဲ့သည်။KNLA နှင့် PDF များ​ဘေးကင်းပြီး စစ်​ကောင်စီတပ်​သေဆုံးမှုရှိ၊မရှိကို အတည်မပြုနိုင်​ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇွန်လဆန်းပိုင်းကစ၍ KNU တပ်မဟာ ၁ နယ် မြေအတွင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ကိုနှစ်ကြိမ်ကြားဖြတ်တိုက် ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထား​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook