Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG၏ တယ်လီကျန်းမာဆေးခန်း ကိုဗစ်လူနာများ ပိုမိုပြသနိုင်ရန် ဆေးခန်းဖွင့်ချိန်တိုးမြှင့်

တယ်လီကျန်းမာဆေးခန်းကို ဇွန်လ ၁၉ရက်က စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားလာသည့်အတွက် ကိုဗစ်လူနာများ သီးသန့်ကုသမှုခံယူနိုင်ရန် ဇူလိုင် ၁၆ရက်မှစ၍ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခု ထပ်မံဖွင့်လှစ်ခဲ့သည်။ အဆိုပါ Channel ၄ခုမှာ ယခင်က နံနက် ၈နာရီမှ ညနေ ၄နာရီအထိသာ ပြသနိုင်ခြင်းဖြစ်ပြီး ယခု အချိန်တိုးမြှင့်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာဆေးခန်းအတွက် COVID-19 လူနာများ ပိုမိုပြသနိုင်ရန် နေ့စဉ် နံနက်၈ နာရီမှ ည၈နာရီအထိ အချိန်တိုးမြှင့်ထားကြောင်း တယ်လီကျန်းမာ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ထုတ်ပြန်သည်။

တယ်လီကျန်းမာဆေးခန်းကို ဇွန်လ ၁၉ရက်က စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားလာသည့်အတွက် ကိုဗစ်လူနာများ သီးသန့်ကုသမှုခံယူနိုင်ရန် ဇူလိုင် ၁၆ရက်မှစ၍ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခု ထပ်မံဖွင့်လှစ်ခဲ့သည်။ အဆိုပါ Channel ၄ခုမှာ ယခင်က နံနက် ၈နာရီမှ ညနေ ၄နာရီအထိသာ ပြသနိုင်ခြင်းဖြစ်ပြီး ယခု အချိန်တိုးမြှင့်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

စတင်ဖွင့်လှစ်လှစ်ချိန်မှ ဩဂုတ် ၄ရက်နေ့အထိ ဩဂုတ် ၄ရက်အထိရက်ပေါင်း ၂၀ အတွင်း COVID-19 လူနာ/လူနာရှင် စုစုပေါင်း (၃) သောင်းကျော် လာရောက်ပြသခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုမှာ ၊ COVID-19 Telegram Channel 1 https://t.me/COVID19MM1၊ COVID-19 Telegram Channel 2 https://t.me/COVID19MM2၊ COVID-19 Telegram Channel 3 https://t.me/COVID19MM3 နှင့် COVID-19 Telegram Channel 4 https://t.me/COVID19MM4 တို့ဖြစ်သည်။

COVID-19 Telegram Channel (၄) ခုအပြင် CDM ဝန်ထမ်းများနှင့် တော်လှန်ရေးအင်အားစုများအတွက် သီးသန့် COVID-19 Telegram Channel ကိုလည်း ဇူလိုင် ၂၄ရက်က စတင်ဖွဲ့လှစ်ကာ ဆွေးနွေးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အထူးကုဆရာဝန်ကြီးများနှင့်လည်း ချိတ်ဆက်ထားသည့်အတွက် လိုအပ်လျှင် တာဝန်ကျဆရာဝန်က လူနာကို တယ်လီကျန်းမာ အထူးကုဆေးခန်းများသို့ ပြန်လည်ညွှန်းပို့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တယ်လီကျန်းမာဆေးခန်းတွင် လူနာများ တိုက်ရိုက်ပြသနိုင်သော တယ်လီကျန်းမာဆေးခန်း (https://doxy.me/telehealthmm) နှင့် (ခ) Booking ယူပြသနိုင်သော တယ်လီကျန်းမာဆေးခန်းဟူ၍ ဆေးခန်း (၂) မျိုးရှိရာ တိုက်ရိုက်ပြသသော စနစ်သည် လူနာများတွက် ပိုမိုအဆင်ပြေကြောင်းတွေ့ရ၍ Booking ယူပြသသော စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

တိုက်ရိုက်စနစ်အတွက် ဆရာဝန်အင်အားတိုးမြှင့်ထားပြီး https://doxy.me/telehealthmm တွင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ တိုက်ရိုက်ပြသနိုင်ကြောင်း အသိပေးထားသည်။

တယ်လီကျန်းမာအစီအစဉ်အားလုံးအတွက် ပိတ်ရက် လုံးဝ (လုံးဝ) မရှိကြောင်း၊ ကုသမှု၊ တိုင်ပင်ဆွေးနွေးမှုများအားလုံးအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှလည်း ပေးစရာ၊ ကုန်ကျစရာ မလိုအပ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။