Connect with us

Hi, what are you looking for?

သတင်း

မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်နှင့် အဓမ္မဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ကမ္ဘာတစ်ဝန်းလှုပ်ရှားမှုပြုလုပ်

ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာရောက် မြန်မာများသာမက ယူကရိန်း၊ ချက်၊ ဖင်လန်၊ အာမေးနီးယား နိုင်ငံသားများ၊ သမိုင်းပညာရှင်နှင့် နိုင်ငံရေးသမားများက ညာဘက်လက်တွင် ‘၇၇’ ၊ဘယ်ဘက်လက်တွင် ‘Freedom From Fear’ စာသား ဖြင့် ဓာတ်ပုံရိုက်ဖော်ပြသည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

Freedom From Fear
Freedom From Fear

ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့တွင် အဓမ္မဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအားလုံလွတ်မြောက်ရေးအတွက် နိုင်ငံတကာရောက်မြန်မာများနှင့် နိုင်ငံခြားသားများက တောင်းဆိုဆန္ဒပြလှုပ်ရှားခဲ့ကြသည်။

“လူထုခေါင်းဆောင်ရဲ့ မွေးနေ့နှင့်တိုက်ပွဲဝင်ရဲဘော်အပေါင်းတို့အတွက် ကျနော်တို့ ပြည်သူတွေဟာ သွေးမအေးသေးကြောင်း၊ မတရားပုဒ်မတွေနဲ့ အဖမ်းဆီးထိန်းသိမ်းခံ ရဲဘော်တွေနဲ့ အတူရှိနေကြောင်း၊ တစ်တိုင်းပြည်လုံးဟာ တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေတဲ့ ရဲရဲနီနှင်းဆီတွေဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်စုအပါအဝင် တစ်ကမ္ဘာလုံးကို ရဲဝင့် ထင်ရှားစွာ ပြသကြဖို့လိုပါတယ်” ဟု နိုင်ငံတကာရှိ နွေဦးတော်လှန်ရေးလှုပ်ရှားသူများက တိုက်တွန်းသည်။

ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာရောက် မြန်မာများသာမက ယူကရိန်း၊ ချက်၊ ဖင်လန်၊ အာမေးနီးယား နိုင်ငံသားများ၊ သမိုင်းပညာရှင်နှင့် နိုင်ငံရေးသမားများက ညာဘက်လက်တွင် ‘၇၇’ ၊ဘယ်ဘက်လက်တွင် ‘Freedom From Fear’ စာသား ဖြင့် ဓာတ်ပုံရိုက်ဖော်ပြသည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၁,၀၀၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက ယနေ့အချိန်အထိ မတရား ပုဒ်မများဖြင့် အဓမ္မ ဖမ်းဆီးအကျဉ်းချထားပြီး လက်တလောတွင်လည်း တိုက်ပွဲဝင်ခေါင်းဆောင်များ ဖြစ်သည့် ၈၈မျိုးဆက်မှ ကိုဂျင်မီ နှင့် NLD အမတ်ဟောင်း ကိုဇေယျာသော်တို့အပါအဝင် ၄ ဦးအပေါ် သေဒဏ်ပြစ်ဒဏ်ကိုစစ်အုပ်စုက အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

“မကြောက်တရားကသာလျှင်ဒီတိုက်ပွဲကိုအောင်မြင်​​စေမယ့်တစ်ခုတည်းသော နည်းနာဖြစ်တယ်။ နိုင်ငံသားအားလုံးရဲ့ ဘဝတွေအပါအဝင် နိုင်ငံတခုလုံး ကြိုးကွင်းစွပ် သေဒဏ်ပေးခံနေရချိန်ဟာ အကြောက်တရားထဲက ရုန်းထ ရဲရဲရင့်ရင့် တကယ့်နိုင်ငံတခုကို တည်ဆောက်ကြရမယ့် အချိန်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရဲရင့်လှတဲ့ ပြည်သူလူထုကြီးကလည်း ဒီခေတ်၊ ဒီမျိုးဆက်မှာ အာဏာရှင်ကို အမြစ်ဖြတ် မဆုတ်မနစ် တော်လှန်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ရပါတယ်။ အာဏာရှင်စနစ်ဆိုးကို ငါတို့မျိုးဆက်မှာ အမြစ်ဖြတ်မယ်” ဟုတက်ကြွလှုပ်ရှားသူများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။