Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်နှင့် အဓမ္မဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ကမ္ဘာတစ်ဝန်းလှုပ်ရှားမှုပြုလုပ်

ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာရောက် မြန်မာများသာမက ယူကရိန်း၊ ချက်၊ ဖင်လန်၊ အာမေးနီးယား နိုင်ငံသားများ၊ သမိုင်းပညာရှင်နှင့် နိုင်ငံရေးသမားများက ညာဘက်လက်တွင် ‘၇၇’ ၊ဘယ်ဘက်လက်တွင် ‘Freedom From Fear’ စာသား ဖြင့် ဓာတ်ပုံရိုက်ဖော်ပြသည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

Freedom From Fear
Freedom From Fear

ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့တွင် အဓမ္မဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအားလုံလွတ်မြောက်ရေးအတွက် နိုင်ငံတကာရောက်မြန်မာများနှင့် နိုင်ငံခြားသားများက တောင်းဆိုဆန္ဒပြလှုပ်ရှားခဲ့ကြသည်။

“လူထုခေါင်းဆောင်ရဲ့ မွေးနေ့နှင့်တိုက်ပွဲဝင်ရဲဘော်အပေါင်းတို့အတွက် ကျနော်တို့ ပြည်သူတွေဟာ သွေးမအေးသေးကြောင်း၊ မတရားပုဒ်မတွေနဲ့ အဖမ်းဆီးထိန်းသိမ်းခံ ရဲဘော်တွေနဲ့ အတူရှိနေကြောင်း၊ တစ်တိုင်းပြည်လုံးဟာ တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေတဲ့ ရဲရဲနီနှင်းဆီတွေဖြစ်ကြောင်း အကြမ်းဖက်စစ်အုပ်စုအပါအဝင် တစ်ကမ္ဘာလုံးကို ရဲဝင့် ထင်ရှားစွာ ပြသကြဖို့လိုပါတယ်” ဟု နိုင်ငံတကာရှိ နွေဦးတော်လှန်ရေးလှုပ်ရှားသူများက တိုက်တွန်းသည်။

ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာရောက် မြန်မာများသာမက ယူကရိန်း၊ ချက်၊ ဖင်လန်၊ အာမေးနီးယား နိုင်ငံသားများ၊ သမိုင်းပညာရှင်နှင့် နိုင်ငံရေးသမားများက ညာဘက်လက်တွင် ‘၇၇’ ၊ဘယ်ဘက်လက်တွင် ‘Freedom From Fear’ စာသား ဖြင့် ဓာတ်ပုံရိုက်ဖော်ပြသည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၁,၀၀၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက ယနေ့အချိန်အထိ မတရား ပုဒ်မများဖြင့် အဓမ္မ ဖမ်းဆီးအကျဉ်းချထားပြီး လက်တလောတွင်လည်း တိုက်ပွဲဝင်ခေါင်းဆောင်များ ဖြစ်သည့် ၈၈မျိုးဆက်မှ ကိုဂျင်မီ နှင့် NLD အမတ်ဟောင်း ကိုဇေယျာသော်တို့အပါအဝင် ၄ ဦးအပေါ် သေဒဏ်ပြစ်ဒဏ်ကိုစစ်အုပ်စုက အတည်ပြုထားသည်။

Public Service Announcement

Public Service Announcement

“မကြောက်တရားကသာလျှင်ဒီတိုက်ပွဲကိုအောင်မြင်​​စေမယ့်တစ်ခုတည်းသော နည်းနာဖြစ်တယ်။ နိုင်ငံသားအားလုံးရဲ့ ဘဝတွေအပါအဝင် နိုင်ငံတခုလုံး ကြိုးကွင်းစွပ် သေဒဏ်ပေးခံနေရချိန်ဟာ အကြောက်တရားထဲက ရုန်းထ ရဲရဲရင့်ရင့် တကယ့်နိုင်ငံတခုကို တည်ဆောက်ကြရမယ့် အချိန်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရဲရင့်လှတဲ့ ပြည်သူလူထုကြီးကလည်း ဒီခေတ်၊ ဒီမျိုးဆက်မှာ အာဏာရှင်ကို အမြစ်ဖြတ် မဆုတ်မနစ် တော်လှန်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ရပါတယ်။ အာဏာရှင်စနစ်ဆိုးကို ငါတို့မျိုးဆက်မှာ အမြစ်ဖြတ်မယ်” ဟုတက်ကြွလှုပ်ရှားသူများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။