Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းတွင် စစ်ကောင်စီတပ်က စာသင်ကျောင်းအနီး အသံမိုင်းခွဲကာ ချင်းတပ် CNO/CNDF အား ပြည်သူအမြင်မှားစေရန် လုပ်ဆောင်ဟု ထုတ်ပြန်

ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် “မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။

CNOထုတ်ပြန်ချက်
CNOထုတ်ပြန်ချက်

●အချင်းချင်းပစ်ခတ်၍စစ်သားတစ်ဦးသေဆုံးခဲ့မှုကိုPDF လာတိုက်သည်ဟု ပုံမှားရိုက်ကာ တိုက်ပွဲတုဖန်တီး

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက်ခြေလျင်တပ်ရင်း-ခလရ(၂၆၈)ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အ.ထ.က(၂)ကျောင်းအနီးတွင် အသံမိုင်းခွဲကာ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)အားပြည်သူလူထုအမြင်မှား စေရန် သွေးခွဲလုပ်ဆောင်ခဲ့ကြောင်း CNOကယ​နေ့ညတွင်ထုတ်ပြန်သည်။

ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် “မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။

CNO/CNDF အနေဖြင့်နိုင်ငံတကာစစ်ဥပေဒေကိုလိုက်နာပြီး ကျောင်းသား/သူများနှင့် ကျောင်းအဆောက်ဦးများကို ထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ကာCNO/CNDF ၏ လုပ်ရပ် လုံးဝမဟုတ်ကြောင်း အသိပေးခဲ့သည်။

စစ်ကောင်စီတပ်သည်ဇွန်လ၁၇ရက်ညပိုင်းကလည်းတလန်လိုရပ်ကွက်ရှိ အထက (၃) ကျောင်း၌လုံခြုံရေးတာဝန်​စောင့်​နေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများအချင်းချင်း
ပစ်ခတ်မှုဖြစ်ခဲ့ရာတပ်သားတစ်ဦးအချင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့သည်။သို့​သော်စစ်ကောင်စီတပ်က ​ဒေသခံကာကွယ်ရေးတပ်များနှင့် ပစ်ခတ်သယောင်ပြုကာအနီးနားပတ်ဝန်းကျင်များအား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ခလရ(၂၆၈) တပ်ထဲမှ ၁၂၂ မမဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြရာ အပြစ်မဲ့ ပြည်သူတစ်ဦး လက် မောင်းတွင် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်းရှိပစ္စည်းတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ဘိုင်လာကျေးရွာရှိနေအိမ်တစ်လုံးလည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၉ရက်ညပိုင်းကလည်းဖလမ်းမြို့၊ တပ်ကုန်းမှလက်နက်ကြီး (၅)ကြိမ်ခန့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။