စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင်ယနေ့နေ့လယ်ပိုင်းကပျူစောထီးခေါင်းဆောင်တစ်ဦး၏အိမ်ကို ဝင်ရောက်စစ်ဆေးစဥ် ပျူခေါင်းဆောင်ထွက်ပြေးတိမ်းရှောင်သွားကြောင်း Aung San Generationအဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(ဇွန်လ၂၁ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က မုံရွာမြို့နယ်၊ မရိုးတုန်းမြောက်ရွာတွင်နေထိုင်သောစစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ မျိုးတင့်၏အိမ်သို့ ခိုင်လုံသောသတင်းရထားသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း Aung San Generation အဖွဲ့ကဆိုသည်။
ဝင်ရောက်စစ်ဆေးရာတွင် ခွံထိုး ၄လက်၊ လက်ပစ်ဗုံး ၁လုံးနှင့်အတူ တပ်စိတ် ၁ စိတ်စာ လူအင်အားဖြင့်ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်ခဲ့သည်ဟုဖော်ပြထားသည်။

ဝင်ရောက်ဖမ်းဆီးမှုမတိုင်ခင်ကြိုတင်တိမ်းရှောင်သွားခြင်းကြောင့် ပျူခေါင်းဆောင်အမည်ခံမျိုးတင့်ဆိုသူသည်လက်နက်များနှင့် အတူထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
၎င်းနေအိမ်အား နာရီဝက်ခန့် ရှာဖွေရာ မှန်ဘီလူး ၁စုံ နှင့် ခါးပါတ် ၆ခု)အားသိမ်းဆည်းရမိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီတွင်ပြန်လည်ထွက်ခွာခဲ့ကြောင်းAung San Generation အဖွဲ့က အသိပေးသည်။

ပျူစောထီးအိမ် သွားရောက်စစ်ဆေးရခြင်းနှင့်ပတ်သက်၍ “မျိုးတင့်ဆိုတဲ့လူရဲ့ အငယ်ဆုံးသားတစ်ယောက်ကတော့ ရွာကိုမီးရှို့မယ်ဆိုပြီး ခြောက်လှန့်တယ်။ မျိုးတင့်ကလည်း ပျူသင်တန်းဆင်းပြီးသားလို့ ကြားတယ်။ သူ့ဆီသွားရတဲ့ရည်ရွယ်ချက်ကတော့ သူတို့လုပ်နေတဲ့အလုပ်တွေ ဆက်ပြီး မလုပ်ဆောင်ဖို့အတွက် သွားပြီး ထိန်းတဲ့သဘောမျိုးနဲ့ သွားတာပါ။ လက်နက်ရှိတယ်လို့လည်းကြားလို့ လုပ်ဆောင်ချက်တွေ ရပ်တန့်သွားအောင် သွားရတာဖြစ်တယ်။”ဟု Aung San Generation အဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ပုဂ္ဂိုလ်မှာ ပျူခေါင်းဆောင် ဟုတ်၊မဟုတ်အပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
ပြည်သူများအားနည်းပေါင်းစုံဖြင့်ဒုက္ခပေးနေသောမည်သည့်အဖွဲ့ကိုမဆို တုန့်ပြန်သွားမည်ဟု Aung San Generationအဖွဲ့က သတိပေးသည်။


















































