Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဘက်မှ ၁၄ဦးသေဆုံး​သောခင်ဦးတိုက်ပွဲဓါတ်ပုံများထပ်မံထုတ်ပြန်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force (NLGRF)က သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

●​သေနတ်၁၁လက်သိမ်းဆည်းရရှိခဲ့ဟုNLGRFမှတာဝန်ရှိသူ​ပြော

ခင်ဦးမြို့နယ်၊ ကံသစ်ရွာအနောက်ဘက်မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့ကလာ​သော စစ်ကောင်စီတပ်၊ရဲနှင့်ပျူ​စောထီးများကို PDFများကတိုက်ခိုက်ရာ ၁၄ ဦး​သေဆုံးခဲ့​သောတိုက်ပွဲမှ သတင်းဓါတ်ပုံမျာကို PDF များက ယ​နေ့ည​နေတွင် ထပ်မံထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force (NLGRF)က သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့် အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NLGRF က ယနေ့ ဇွန်လ ၂၂ရက် မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

ခင်ဦးမြို့မှ ထွက်လာသော စခ၊ ပျူများကို မိမိတို့ N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများ ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ ဘက်က ၁၄ဦးသေဆုံးခဲ့ရာ ၃ပွင့် နှင့် အရာရှိတစ်ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

NLGRF၏ ထုတ်ပြန်ချက်တွင် ကားတစ်စီးပေါ်၌ ပစ်ခတ်ခံရ၍ သေဆုံးနေသည့် စစ်ကောင်စီ လက်ပါးစေ တပ်ဖွဲ့ဝင်များ နှင့်ဒုရဲမှူးအဆင့်ရှိ သူ တစ်ဦး၏ အဆောင်အယောင်တံဆိပ်များကို ဖော်ပြထားသည်။ ဒုရဲမှူး၏ ရင်ဘတ်တွင်ထိုး​သောအမည်တံဆိပ်တွင် စိုးထွဋ်နိုင်ဟု​ရေးသားထားသည်ကို​တွေ့ရသည်။

ပြည်သူ့ရဲဘော်နှစ်ဦးကျည်ထိမှန်ခဲ့သော်လည်းမစိုးရိမ်ရကြောင်း Narapati Local Guerrilla Revolution Forceက အသိပေးသည်။

(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)
(စစ်​ကောင်စီတပ်မှ သိမ်းဆည်းရမိ​သော လက်နက်နှင့် အ​ဆောင်အ​ယောင်အချို့ ။ ။ဓါတ်ပုံ-TR)

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Narapati Local Guerrilla Revolution Forceအဖွဲ့ တာဝန်ရှိသူက”ကားပေါ်ပါလာတဲ့ အရာရှိကတော့အနောက်ခန်းထဲမှာပဲ သေဆုံးခဲ့တာပါ။တိုက်
ခိုက်ပြီးအနောက်ကနေစခတွေ စစ်ကူလာလို့အကုန်ပြန်ဆုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ထပ်ပြီး ထိုးစစ်ဆင်နိုင်ဖို့ရာပြည်သူတွေအနေနဲ့ ကူညီပေးဖို့ပြောချင်ပါတယ်။”ဟုပြောသည်။

ထိုအပြင် စစ်​ကောင်စီတပ်၊ရဲနှင့်ပျူ​များထံမှ ​MA2 နှင့် G3 အမျိုးအစား​သေနတ် ၁၁လက် သိမ်းဆည်းရမိခဲ့​ကြောင်းလည်း၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook