●သေနတ်၁၁လက်သိမ်းဆည်းရရှိခဲ့ဟုNLGRFမှတာဝန်ရှိသူပြော
ခင်ဦးမြို့နယ်၊ ကံသစ်ရွာအနောက်ဘက်မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့ကလာသော စစ်ကောင်စီတပ်၊ရဲနှင့်ပျူစောထီးများကို PDFများကတိုက်ခိုက်ရာ ၁၄ ဦးသေဆုံးခဲ့သောတိုက်ပွဲမှ သတင်းဓါတ်ပုံမျာကို PDF များက ယနေ့ညနေတွင် ထပ်မံထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force (NLGRF)က သတင်းထုတ်ပြန်သည်။
ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့် အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NLGRF က ယနေ့ ဇွန်လ ၂၂ရက် မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့သည်။

ခင်ဦးမြို့မှ ထွက်လာသော စခ၊ ပျူများကို မိမိတို့ N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများ ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ ဘက်က ၁၄ဦးသေဆုံးခဲ့ရာ ၃ပွင့် နှင့် အရာရှိတစ်ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

NLGRF၏ ထုတ်ပြန်ချက်တွင် ကားတစ်စီးပေါ်၌ ပစ်ခတ်ခံရ၍ သေဆုံးနေသည့် စစ်ကောင်စီ လက်ပါးစေ တပ်ဖွဲ့ဝင်များ နှင့်ဒုရဲမှူးအဆင့်ရှိ သူ တစ်ဦး၏ အဆောင်အယောင်တံဆိပ်များကို ဖော်ပြထားသည်။ ဒုရဲမှူး၏ ရင်ဘတ်တွင်ထိုးသောအမည်တံဆိပ်တွင် စိုးထွဋ်နိုင်ဟုရေးသားထားသည်ကိုတွေ့ရသည်။
ပြည်သူ့ရဲဘော်နှစ်ဦးကျည်ထိမှန်ခဲ့သော်လည်းမစိုးရိမ်ရကြောင်း Narapati Local Guerrilla Revolution Forceက အသိပေးသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Narapati Local Guerrilla Revolution Forceအဖွဲ့ တာဝန်ရှိသူက”ကားပေါ်ပါလာတဲ့ အရာရှိကတော့အနောက်ခန်းထဲမှာပဲ သေဆုံးခဲ့တာပါ။တိုက်
ခိုက်ပြီးအနောက်ကနေစခတွေ စစ်ကူလာလို့အကုန်ပြန်ဆုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အဖွဲ့ထပ်ပြီး ထိုးစစ်ဆင်နိုင်ဖို့ရာပြည်သူတွေအနေနဲ့ ကူညီပေးဖို့ပြောချင်ပါတယ်။”ဟုပြောသည်။
ထိုအပြင် စစ်ကောင်စီတပ်၊ရဲနှင့်ပျူများထံမှ MA2 နှင့် G3 အမျိုးအစားသေနတ် ၁၁လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း၎င်းကဆက်ပြောသည်။


















































