Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လူငယ်တစ်ဦးကို ရှော့တိုက်ဒုံးနဲ့ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းဖြန့်

ဒါအပြင် အဲဒီလူငယ်ကို ဖမ်းဆီးထားပုံနဲ့ ရှော့တိုက်ဒုံး ၂ လုံး ရဲ့ ပုံတွေကို ဖြန့်ဝေတာတွေ့ရပါတယ်။ လက်ရှိမှာလည်း အိမ်ရာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီက စစ်ဆေးနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ရှော့တိုက်ဒုံး
ရှော့တိုက်ဒုံး

မန္တလေးကျုံးတောင်ဘက်ခြမ်း မှာရှိတဲ့ အိမ်ရာတစ်ခုမှာ ဒီနေ့မွန်းလွဲပိုင်း က လူငယ်တစ်ဦးကို ရှော့တိုက်ဒုံးတွေနဲ့ဖမ်းမိတယ်လို့စစ်အုပ်စုက သတင်းဖြန့်နေပါတယ်။

ကျုံးတောင်ဘက်ခြမ်း သီရိမင်္ဂလာအိမ်ရာ(ပြည်တော်သာအိမ်ရာ)ထဲမှာ အဲဒီလူငယ်ကိုဖမ်းမိတာလို့ စစ်ကောင်စီရဲ့သတင်းဖြန့်ချက်မှာပါရှိပါတယ်။

ဒါအပြင် အဲဒီလူငယ်ကို ဖမ်းဆီးထားပုံနဲ့ ရှော့တိုက်ဒုံး ၂ လုံး ရဲ့ ပုံတွေကို ဖြန့်ဝေတာတွေ့ရပါတယ်။ လက်ရှိမှာလည်း အိမ်ရာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီက စစ်ဆေးနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ တုန်းကလည်း မန္တလေးနန်းတွင်းထဲကိုပစ်ခတ်ဖို့ ချိန်ရွယ်ထားတဲ့ ရှော့တိုက်ဒုံး ၂ လုံးကို ကျုံးအရှေ့ဘက်ခြမ်း မှာ သိမ်းဆည်းရမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။