Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ လူငယ်တစ်ဦးကို ရှော့တိုက်ဒုံးနဲ့ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းဖြန့်

ဒါအပြင် အဲဒီလူငယ်ကို ဖမ်းဆီးထားပုံနဲ့ ရှော့တိုက်ဒုံး ၂ လုံး ရဲ့ ပုံတွေကို ဖြန့်ဝေတာတွေ့ရပါတယ်။ လက်ရှိမှာလည်း အိမ်ရာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီက စစ်ဆေးနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ရှော့တိုက်ဒုံး
ရှော့တိုက်ဒုံး

မန္တလေးကျုံးတောင်ဘက်ခြမ်း မှာရှိတဲ့ အိမ်ရာတစ်ခုမှာ ဒီနေ့မွန်းလွဲပိုင်း က လူငယ်တစ်ဦးကို ရှော့တိုက်ဒုံးတွေနဲ့ဖမ်းမိတယ်လို့စစ်အုပ်စုက သတင်းဖြန့်နေပါတယ်။

ကျုံးတောင်ဘက်ခြမ်း သီရိမင်္ဂလာအိမ်ရာ(ပြည်တော်သာအိမ်ရာ)ထဲမှာ အဲဒီလူငယ်ကိုဖမ်းမိတာလို့ စစ်ကောင်စီရဲ့သတင်းဖြန့်ချက်မှာပါရှိပါတယ်။

ဒါအပြင် အဲဒီလူငယ်ကို ဖမ်းဆီးထားပုံနဲ့ ရှော့တိုက်ဒုံး ၂ လုံး ရဲ့ ပုံတွေကို ဖြန့်ဝေတာတွေ့ရပါတယ်။ လက်ရှိမှာလည်း အိမ်ရာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီက စစ်ဆေးနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ တုန်းကလည်း မန္တလေးနန်းတွင်းထဲကိုပစ်ခတ်ဖို့ ချိန်ရွယ်ထားတဲ့ ရှော့တိုက်ဒုံး ၂ လုံးကို ကျုံးအရှေ့ဘက်ခြမ်း မှာ သိမ်းဆည်းရမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ဖူးပါတယ်။