ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာရှိ ပြည်သူနေအိမ်ကို အသုံးပြုပြီး တပ်စခန်းအခိုင်အမာတည်ဆောက်ထားလျက်ရှိသောစစ်ကောင်စီတပ်ကို ကရင်နီပြည်နယ်မှကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယနေ့သွားရောက်တိုက်ခိုက်ရာတိုက်ပွဲပြင်း
ထန်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်များကြောင်း၊ လွိုင်ကော်PDF နှင့် ဒီးမော့ဆိုPDF ကထုတ်ပြန်သည်။
ဒေါင်းငံခါးကျေးရွာတိုက်ပွဲမှာ နံနက်(၆)နာရီမှ မွန်းလွဲ(၂)နာရီအချိန်ထိ(၈)နာရီခန့်ကြာခဲ့ပြီးစစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများ၍ ရဟတ်ယာဥ်တစ်စီးဖြင့်(၂)ကြိမ်ခန့် ထောက်လှမ်းမှု ပြုလုပ်ခဲ့သည်။
ထို့အပြင်ကုန်းသာကျေးရွာနှင့် သေးဆူလဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့ကြား နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၊မြို့မရဲစခန်းတွင်လည်း မိနစ်အနည်းငယ်ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။
“ဒေါငံခါး နဲ့ ကုန်းသာ မှာက မနက် အစောက တည်းက နေ နေ့လည် ၂ နာရီခွဲအထိ ဖြစ်တာ။သူတို့ ဘက်က ရဟတ်ယာဥ် နဲ့ နှစ်ကြိမ် ကင်း ထောက်တယ်။ပစ်ကူ တော့ ပေးမသွားဘူး။ရဲစခန်း နဲ့ ၁၀၂ တပ်မှာတော့ မိနစ်ပိုင်း လောက်ပစ်ဝင်ပစ်တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်း ပြသည်။
တိုက်ပွဲများအတွင်း DMO Local PDF အပါ အဝင် ကရင်နီတပ်မတော်၊ KA၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF၊ လွိုင်ကော်(PDF)၊ KRU ၊ အလယ်ပိုင်းတိုင်း(၁၁၀၂)နှင့်အခြားတော်လှန်ရေးတပ်အင်အားစုတို့ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးယခင်ထက် လက်နက်ကြီးများအသုံးပြု၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဒေါငံခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရရှိသူများပြီး အရေအတွက်ကိုအတည်ပြုမပြုနိုင်သေးဟုလွိုင်ကော် PDF က ဇွန် ၂၅ ညတွင်ထုတ်ပြန်သည်။ ယနေ့တိုက်ပွတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ငါးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ထိုထဲတွင် လွိုင်ကော် PDF တစ်ဦးပါဝင်သည်ဟုလည်းပါရှိသည်။
“ဒီရက်အဖို့ အားလုံးအပေါ်ကာကွယ်စောင့်ရှောက်ပေးသော ကိုယ်တော့်ကိုအထူးကျေးဇူးပါ၏ အာမင်။60mm ၊ RPG 7 ၊AK ကျည် ၊ လက်ပစ်ဗုံး အကုန်ကုန်တယ်ဗျား ။နောက်ဆုံး တစ်ယောက် ငါးယောက်နဲ့ ဖိုက်ချင်တာ အမှီးတောင်မလောက်ရဲဘူးခွေးတေက ဒီရက်တော့ မင်းတို့လူတွေ ပြန်စစ်ကြည့်လိုက်ပါ သုံးပုံ တစ်ပုံတော့ ဒင်းတို့ လူတွေက လျော့ပြီးသားဆိုတာ ကျိန်းသေ ပြောရဲတယ် ဘာဘဲဖြစ်ဖြစ် ဒီပွဲမအောင်မချင်း အဆုံးထိတိုက်မယ်။ကျွန်တော်တို့ဘယ်တော့မှသွေးအေးသွားမှာမဟုတ်ဘူး အဆုံးထိသွားနိုင်ဖို့ နုတ်ခမ်းနီဖိုးတွေကိုလည်း ဆက် လက်ပံ့ပို့ကူညီပေးကျပါ။ အလှူရှင်အားလုံး ပြည်သူတစ်ယောက်ချင်းအနေနဲ့သော်လည်းကောင်း သွေးမအေး ကျပါနဲ့ အားလုံးနဲ့အတူ အဆုံးထိ သွားမယ်။ ခွေးတေကို အသုပ်စုံသွားကျွေးလိုက်တာ ဒီရက်”ဟု KNDF ရဲဘော်တစ်ဦးက ၎င်း၏ လူမှုကွန်ယက်မှတဆင့် ပြောသည်။
ဒေါငံခါးအပါအဝင် ဇွန် ၂၅ ရက်ဒီးမော့ဆိုမြို့နယ်တိုက်ပွဲပုံရိပ်များကို လွိုင်ကော် PDF နှင့် ဒီးမော့ဆို PDF တို့ကထုတ်ပြန်သည်။