Connect with us

Hi, what are you looking for?

သတင်း

ဒေါငံခါးတိုက်ပွဲစစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများ၊ ကရင်နီမဟာမိတ်တပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရ

“ဒေါငံခါး နဲ့ ကုန်းသာ မှာက မနက် အစောက တည်းက နေ နေ့လည် ၂ နာရီခွဲအထိ ဖြစ်တာ။သူတို့ ဘက်က ရဟတ်ယာဥ် နဲ့ နှစ်ကြိမ် ကင်း ထောက်တယ်။ပစ်ကူ တော့ ပေးမသွားဘူး။ရဲစခန်း နဲ့ ၁၀၂ တပ်မှာတော့ မိနစ်ပိုင်း လောက်ပစ်ဝင်ပစ်တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်း ပြသည်။

ဒေါငံခါးတိုက်ပွဲ
ဒေါငံခါးတိုက်ပွဲ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ​ဒေါငံခါး​ကျေးရွာရှိ ပြည်သူ​နေအိမ်ကို အသုံးပြုပြီး တပ်စခန်းအခိုင်အမာ​တည်ဆောက်ထားလျက်ရှိ​သောစစ်ကောင်စီတပ်ကို ကရင်နီပြည်နယ်မှကာကွယ်​ရေးမဟာမိတ်တပ်ဖွဲ့များက ယ​နေ့သွား​ရောက်တိုက်ခိုက်ရာတိုက်ပွဲပြင်း
ထန်ပြီး စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်များ​ကြောင်း၊ လွိုင်​ကော်PDF နှင့် ဒီးမော့ဆိုPDF ကထုတ်ပြန်သည်။

​​ဒေါင်းငံခါး​ကျေးရွာတိုက်ပွဲမှာ နံနက်(၆)နာရီမှ ​မွန်းလွဲ(၂)နာရီအချိန်ထိ(၈)နာရီခန့်ကြာ​ခဲ့ပြီးစစ်​ကောင်စီတပ်မှ​သေဆုံးထိခိုက်မှုများ၍ ရဟတ်ယာဥ်တစ်စီးဖြင့်(၂)ကြိမ်ခန့် ​ထောက်လှမ်းမှု ပြုလုပ်ခဲ့သည်။

ဒေါငံခါးတိုက်ပွဲ
ဒေါငံခါးတိုက်ပွဲ

ထို့အပြင်ကုန်း​သာကျေးရွာနှင့်​ သေးဆူလဲ​ကျေးရွာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့နှင့် ပူး​ပေါင်းတပ်ဖွဲ့တို့ကြား နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၊မြို့မရဲစခန်းတွင်လည်း မိနစ်အနည်းငယ်ပစ်ခတ်ခဲ့​ကြောင်းထုတ်ပြန်ထားသည်။

“ဒေါငံခါး နဲ့ ကုန်းသာ မှာက မနက် အစောက တည်းက နေ နေ့လည် ၂ နာရီခွဲအထိ ဖြစ်တာ။သူတို့ ဘက်က ရဟတ်ယာဥ် နဲ့ နှစ်ကြိမ် ကင်း ထောက်တယ်။ပစ်ကူ တော့ ပေးမသွားဘူး။ရဲစခန်း နဲ့ ၁၀၂ တပ်မှာတော့ မိနစ်ပိုင်း လောက်ပစ်ဝင်ပစ်တာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်း ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း DMO Local PDF အပါ အဝင် ကရင်နီတပ်မတော်၊ KA၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF၊ လွိုင်​ကော်(PDF)၊ KRU ၊ အလယ်ပိုင်းတိုင်း(၁၁၀၂)နှင့်အခြား​တော်လှန်​ရေးတပ်အင်အားစုတို့ ပါဝင်ပူး​ပေါင်းတိုက်ခိုက်ခဲ့ပြီးယခင်ထက် လက်နက်ကြီးများအသုံးပြု၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဒေါငံခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရရှိသူများပြီး အ​ရေအတွက်ကိုအတည်ပြုမပြုနိုင်သေးဟုလွိုင်​ကော် PDF က ဇွန် ၂၅ ညတွင်ထုတ်ပြန်သည်။ ယနေ့တိုက်ပွတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ငါးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ထိုထဲတွင် လွိုင်​ကော် PDF တစ်ဦးပါဝင်သည်ဟုလည်းပါရှိသည်။

ဒေါငံခါးတိုက်ပွဲ
ဒေါငံခါးတိုက်ပွဲ

“ဒီရက်အဖို့ အားလုံးအပေါ်ကာကွယ်စောင့်ရှောက်ပေးသော ကိုယ်တော့်ကိုအထူးကျေးဇူးပါ၏ အာမင်။60mm ၊ RPG 7 ၊AK ကျည် ၊ လက်ပစ်ဗုံး အကုန်ကုန်တယ်ဗျား ။နောက်ဆုံး တစ်ယောက် ငါးယောက်နဲ့ ဖိုက်ချင်တာ အမှီးတောင်မလောက်ရဲဘူးခွေးတေက ဒီရက်တော့ မင်းတို့လူတွေ ပြန်စစ်ကြည့်လိုက်ပါ သုံးပုံ တစ်ပုံတော့ ဒင်းတို့ လူတွေက လျော့ပြီးသားဆိုတာ ကျိန်းသေ ပြောရဲတယ် ဘာဘဲဖြစ်ဖြစ် ဒီပွဲမအောင်မချင်း အဆုံးထိတိုက်မယ်။ကျွန်တော်တို့ဘယ်တော့မှသွေးအေးသွားမှာမဟုတ်ဘူး အဆုံးထိသွားနိုင်ဖို့ နုတ်ခမ်းနီဖိုးတွေကိုလည်း ဆက် လက်ပံ့ပို့ကူညီပေးကျပါ။ အလှူရှင်အားလုံး ပြည်သူတစ်ယောက်ချင်းအနေနဲ့သော်လည်းကောင်း သွေးမအေး ကျပါနဲ့ အားလုံးနဲ့အတူ အဆုံးထိ သွားမယ်။ ခွေးတေကို အသုပ်စုံသွားကျွေးလိုက်တာ ဒီရက်”ဟု KNDF ရဲဘော်တစ်ဦးက ၎င်း၏ လူမှုကွန်ယက်မှတဆင့် ပြောသည်။

​ဒေါငံခါးအပါအဝင် ဇွန် ၂၅ ရက်ဒီးမော့ဆိုမြို့နယ်တိုက်ပွဲပုံရိပ်များကို လွိုင်​ကော် PDF နှင့် ဒီး​မော့ဆို PDF တို့ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။