Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်

ဇွန်လ၂၄ရက်နံနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရွှေဘိုမြို့နယ် စောင်တန်းကျေးရွာနေ အရပ်သားပြည်သူ သုံးဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။

(BDGF အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်)
(BDGF အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်)

သေဆုံးသူနှင့်ဒဏ်ရာရသူများအား ကတုံးရိတ်၊ သင်္ကန်းပတ်ပြီး သယ်ဆောင်သွား၍ ဘာသာရေးမှိုင်းတိုက်သတင်းများတက်လာပါက မယုံကြည်ကြရန် BDGF သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နဂါးရိုင်းပြောက်ကျားတပ်ဖွဲ့-BDGFက သတင်းထုတ်ပြန်သည်။

ဇွန်လ၂၄ရက် နံနက် ၆နာရီဝန်းကျင်က ခင်ဦးမြို့နယ်အနီး ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်၌ ဖြတ်သန်းလာသော အကြမ်းဖက်စစ်ကောင်စီတပ်များလိုက်ပါလာသည့် အဖြူရောင်တစ်စီးနှင့်ခဲရောင်ယာဥ်တစ်စီးအား မဟာမိတ်တပ်ပေါင်းစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BDGF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးလုံး လမ်းဘေးထိုးဆင်းတိမ်းမှောက်သွားသည်ဟု ဆိုသည်။ သေဆုံးသူနှင့်ဒဏ်ရာရသူများအား ကတုံးရိတ်၊ သင်္ကန်းပတ်ပြီး သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက သတင်းပေးပို့သည်ဟု BFGFက ဆိုသည်။

ထို့ကြောင့် သံဃာများနှင့် PDFများကို အထင်အမြင်လွဲမှားစေရန် ဘာသာရေးမှိုင်းတိုက်သတင်းများတက်လာပါက ပြည်သူများအနေဖြင့် မယုံကြည်ကြရန် အသိပေးအပ်ပါသည်ဟု BDGF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ BDGFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။ သို့သော် တိုက်ခိုက်ခံရမှုဖြစ်စဥ်အား ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွှေဘိုခရိုင်အတွင်းရှိ မည်သည့်မြို့နယ်ကိုမှ အလွတ်မပေးဘဲ အကြမ်းဖက်ရမ်းကား မီးရှို့လူသတ်မှုများ ပြုလုပ်နေသည်။

ဇွန်လ၂၄ရက်နံနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရွှေဘိုမြို့နယ် စောင်တန်းကျေးရွာနေ အရပ်သားပြည်သူ သုံးဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။

ထို့နောက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၅ဦး​သေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်။ ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦး (အပြင်းအထန်)ဒဏ်ရာရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။