Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့သို့ သစ်များတရားမဝင်သယ်ဆောင်သည့် ယာဥ်တစ်စီးကို KNDFဖမ်းဆီးထိန်းသိမ်း

ယာဥ်မောင်းအား တစ်ညတာ ထိန်းသိမ်းခဲ့ပြီး အငှားယာဥ်မောင်းလုပ်ကိုင်ခြင်းမှအပ ပြစ်မှုတစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် KNDF၏ မူဝါဒနှင့်အညီ ခံဝန်ကတိဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

လွိုင်ကော်မှ မိတ္ထီလာမြို့သို့ သစ်များတရားမဝင်သယ်ဆောင်သည့် ယာဥ်တစ်စီးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဖယ်ခုံဇုန်က ယနေ့(ဇွန် ၂၆ ရက်)တွင် ထုတ်ပြန် သည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇွန် ၂၅ ရက်)က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်သူယာဥ်မောင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ယာဥ်မောင်းနှင့်ယာဥ်မှာ KNDF တပ်ရင်း (၃)၏ လုံခြုံရေးဆောင်ရွက်ရာ လမ်းတစ်လျှောက်တွင် မကြာခဏဖြတ်သန်းသွားလာခဲ့သောကြောင့် ရဲဘော်များမှ ရပ်တန့်စစ်ဆေးရာ သစ်များတရားမဝင် ခိုးယူသယ်ဆောင်နေကြောင်းတွေ့ရှိခဲ့ရခြင်းဟု အသိပေးသည်။

ယာဥ်မောင်းအား တစ်ညတာ ထိန်းသိမ်းခဲ့ပြီး အငှားယာဥ်မောင်းလုပ်ကိုင်ခြင်းမှအပ ပြစ်မှုတစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် KNDF၏ မူဝါဒနှင့်အညီ ခံဝန်ကတိဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူဖြစ်ရပ်မျိုးကို ထပ်မံတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု KNDFတပ်ရင်း(၃) က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။