Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းအချို့အား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေး

အလားတူ ရွှေဘိုမြို့နယ်၊ ရွှေဘို – နောင်ကြီးအိုင်လမ်းတစ်လျှောက်အား ဇွန်လကုန်အထိ ည ၇ နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် C&T Shweboအဖွဲ့က သတိပေးကြေညာထားသည်။

(လမ်းပိုင်းပိတ်ထားသည့် ခင်ဦးမြို့နယ်လမ်းပိုင်းတစ်ခုအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(လမ်းပိုင်းပိတ်ထားသည့် ခင်ဦးမြို့နယ်လမ်းပိုင်းတစ်ခုအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းအချို့အား အရေးပေါ်ကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

ဇွန်လ ၂၇ရက်မှစ၍ မုံရွာ – အရာတော် လမ်းပိုင်းအား ည ၈နာရီမှ နောက်တစ်နေ့နံနက် ၃နာရီအတွင်း အရေးပေါ်ကျန်းမာရေးကိစ္စမှအပ သွားလာခြင်းမပြုလုပ်ကြရန် Unity Force Monywaတပ်ခွဲ၊ ချိုးငှက်PDF၊ KnightofthenewGeneration’s၊ DragonBrothersPDF တို့က မေတ္တာရပ်ခံသည်။

အကယ်၍ မဖြစ်မနေသွားလာရမည်ဆိုပါက ကားများကိုမှန်ချ၍ အတွင်းခန်းမီးဖွင့်ကာ မောင်းနှင်ပေးရန် မေတ္တာရပ်ခံထားသည်။

မလိုက်နာ၍ တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက တာဝန်ယူဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ၎င်းအဖွဲ့များက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အလားတူ ခင်ဦး – ရွှေဘို(ဗျူဟာလမ်း)၊ ခင်ဦး – ရွှေဘို(မူးဘောင်လမ်း)၊ ခင်ဦး – ရေဦးလမ်း၊ခင်ဦး – ဇီးကုန်း (ဗျူဟာလမ်း)၊ ခင်ဦး – ဇီးကုန်း (မူးဘောင်လမ်း)၊ ခင်ဦး – ကာဘိုး (မူးဘောင်လမ်း)အစရှိသော မြို့နယ်တွင်းရှိ လမ်းပိုင်းများအား အရေးပေါ်အကြောင်းကိစ္စမှလွဲ၍ သွားလာခြင်းမပြုလုပ်ရန် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက သတိပေးသည်။

မဖြစ်မနေ သွားလာခဲ့လျှင်လည်း ကားမှန်များအကုန်ချ၍ မြန်နှုန်း မိုင် (၅၀)ထက်မပိုဘဲ မောင်းနှင်ကြရန်နှင့် အကြမ်းဖက်စစ်တပ်ကားများနှင့် အဝေးဆုံးမှနေ၍ မောင်းနှင်ကြရန် မေတ္တာရပ်ခံအသိပေးထားသည်။

ထုတ်ပြန်ချက်များကိုလည်း အထူးလိုက်နာဆောင်ရွက်ပေးကြပါရန် ပြည်သူများအားမေတ္တာရပ်ခံထားပြီး ထုတ်ပြန်အသိပေးကြေငြာချက်များကို မလိုက်နာသော ကားများအား တာဝန်ယူမည်မဟုတ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက အသိပေးသည်။

အလားတူ ရွှေဘိုမြို့နယ်၊ ရွှေဘို – နောင်ကြီးအိုင်လမ်းတစ်လျှောက်အား ဇွန်လကုန်အထိ ည ၇ နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် C&T Shweboအဖွဲ့က သတိပေးကြေညာထားသည်။

လမ်းပိုင်းပိတ်ထားသော မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများမကြာခဏ ​ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။