Connect with us

Hi, what are you looking for?

သတင်း

မန္တလေးအခြေစိုက် DRMပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရဟု အသိပေး

ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။

(ဇွန်လ ၂၇ရက် နံနက်ပိုင်းက ပြင်ဦးလွင် - မန္တလေးလမ်းပိုင်း၌ စစ်ဆင်ရေးပြုလုပ်နေစဥ်)
(ဇွန်လ ၂၇ရက် နံနက်ပိုင်းက ပြင်ဦးလွင် - မန္တလေးလမ်းပိုင်း၌ စစ်ဆင်ရေးပြုလုပ်နေစဥ်)

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော DRM Rangers Mandalay — PDF မှ ရဲဘော်အချို့ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံလိုက်ရကြောင်း DRMက အသိပေးထုတ်ပြန်သည်။

“ကျွန်တော်တို့ DRM အဖွဲ့ဝင်တချို့သည် Jun 27 နေ့ ညနေ 7:00 PM ခန့်တွင်​စစ်အုပ်စု၏ မတရားဖမ်းစီးခြင်းကို ခံခဲ့ရပါသည်”ဟု ဖော်ပြထားသည်။

ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။

“ကျွန်တော်တို့ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် DRMပြန်လာခဲ့ပါမယ်”ဟု DRM က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဇွန် ၂၇)နံနက်ပိုင်းက ပြင်ဦးလွင် – မန္တလေးလမ်းပိုင်း သမ္မတောကျေးရွာအနီးတွင် အစီးရေရှစ်စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို DRM နှင့် ညီနောင်မဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားသုံးစီးမိုင်းထိကာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။