Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးဆက်လက်ကန့်ကွက်ရှုတ်ချကြောင်း G7 ပူးတွဲကြေညာ

ဂျာမနီ၌ ကျင်းပခဲ့သော G7 ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံအပြီး ဇွန်လ ၂၈ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာ့နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့် အရေးအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - Kishida/twitter
ဓာတ်ပုံ - Kishida/twitter

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆက်လက်ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာ့ ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဂျာမနီ၌ ကျင်းပခဲ့သော G7 ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံအပြီး ဇွန်လ ၂၈ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာ့နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့် အရေးအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဖော်ပြသည်။

“အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများနဲ့ တရားလက်လွတ်ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့၊ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ စစ်ကောင်စီကို ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု G7 ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဇွန်လ၂၆ မှ ၂၈ ရက်အထိ ကျင်းပခဲ့သော (၄၈)ကြိမ်မြောက် G7 ထိပ်သီးညီလာခံအပြီး ပူးတွဲကြေညာချက်၌ ပါရှိသည့် မြန်မာ့အရေး တောင်းဆိုချက်များသည် ယခင်နှစ်တောင်းဆိုချက်များနှင့် ထပ်တူနီးပါးဖြစ်ကြောင်းတွေ့ရသည်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနှင့်ပတ်သက်၍ G7 သည် အာဆီယံ၏ ကြိုးပမ်းမှုအားလုံးနှင့် ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင် အထည်ဖော်ရေးကို ဆက်လက်အားပေးထောက်ခံကြောင်း၊ ကုလသမဂ္ဂ၏ ကြိုးပမ်း အားထုတ်မှုများ၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလအထူးကိုယ်စားလှယ်တို့အကြား ခိုင်မာအားကောင်းသည့်ပူးပေါင်းဆောင်ရွက်မှုများကို အားပေးထောက်ခံတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ G7 ထိပ်သီးအစည်းအဝေး စတင်ကျင်းပသည့်ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ယမန်နှစ်က G7 အဖွဲ့ဝင်နိုင်ငံများ မြန်မာပြည်သူများအပေါ် ပေးအပ်ခဲ့သည့် ကတိကဝတ်များအား အကောင်အထည်ဖော်ပေးရန်နှင့် အကြမ်းဖက်စစ်ကောင်စီကို ထပ်တိုးဒဏ်ခတ် အရေးယူမှုများလုပ်ဆောင်ရန် တိုက်တွန်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ထိပ်သီး ခုနှစ်နိုင်ငံအဖွဲ့ G7တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ပါဝင်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

နိုင်ငံတကာ

နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။

သတင်း

ဘိန်းအများဆုံးစိုက်ပျိုး​သော​ဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်​ကြောင်း UNODC က​ဖော်ပြသည်။