Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးဆက်လက်ကန့်ကွက်ရှုတ်ချကြောင်း G7 ပူးတွဲကြေညာ

ဂျာမနီ၌ ကျင်းပခဲ့သော G7 ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံအပြီး ဇွန်လ ၂၈ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာ့နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့် အရေးအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - Kishida/twitter
ဓာတ်ပုံ - Kishida/twitter

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆက်လက်ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာ့ ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဂျာမနီ၌ ကျင်းပခဲ့သော G7 ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံအပြီး ဇွန်လ ၂၈ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာ့နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့် အရေးအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ဖော်ပြသည်။

“အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများနဲ့ တရားလက်လွတ်ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့၊ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ စစ်ကောင်စီကို ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု G7 ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဇွန်လ၂၆ မှ ၂၈ ရက်အထိ ကျင်းပခဲ့သော (၄၈)ကြိမ်မြောက် G7 ထိပ်သီးညီလာခံအပြီး ပူးတွဲကြေညာချက်၌ ပါရှိသည့် မြန်မာ့အရေး တောင်းဆိုချက်များသည် ယခင်နှစ်တောင်းဆိုချက်များနှင့် ထပ်တူနီးပါးဖြစ်ကြောင်းတွေ့ရသည်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနှင့်ပတ်သက်၍ G7 သည် အာဆီယံ၏ ကြိုးပမ်းမှုအားလုံးနှင့် ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင် အထည်ဖော်ရေးကို ဆက်လက်အားပေးထောက်ခံကြောင်း၊ ကုလသမဂ္ဂ၏ ကြိုးပမ်း အားထုတ်မှုများ၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလအထူးကိုယ်စားလှယ်တို့အကြား ခိုင်မာအားကောင်းသည့်ပူးပေါင်းဆောင်ရွက်မှုများကို အားပေးထောက်ခံတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ G7 ထိပ်သီးအစည်းအဝေး စတင်ကျင်းပသည့်ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် ယမန်နှစ်က G7 အဖွဲ့ဝင်နိုင်ငံများ မြန်မာပြည်သူများအပေါ် ပေးအပ်ခဲ့သည့် ကတိကဝတ်များအား အကောင်အထည်ဖော်ပေးရန်နှင့် အကြမ်းဖက်စစ်ကောင်စီကို ထပ်တိုးဒဏ်ခတ် အရေးယူမှုများလုပ်ဆောင်ရန် တိုက်တွန်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ထိပ်သီး ခုနှစ်နိုင်ငံအဖွဲ့ G7တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ပါဝင်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။