Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှုကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာ

ဘိန်းအများဆုံးစိုက်ပျိုး​သော​ဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်​ကြောင်း UNODC က​ဖော်ပြသည်။

(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)

▪︎၂၀၂၂ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၂၀၂၁ ခုနှစ်ထက် ၃၃ ရာခိုင်နှုန်းတိုးလာပြီး စိုက်ဧက ၉၉,၀၀၀ ​ကျော်အထိရှိလာ

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်ခြင်း၊ မက်တာဖက်တမင်ထုတ်လုပ်မှု မြင့်တက်ခြင်း၊ တရားမဝင်မှောင်ခိုမှုများ မြင့်တက်ခြင်းသည် စစ်တပ် မတရားအာဏာသိမ်းမှု၏ ဆိုးဝါးသော အကျိုးဆက်များစွာထဲမှ အချို့ဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်ရရှိမှုသည်သာ အထင်ပါစိန်ခေါ်မှုများအတွက် ဖြေရှင်းနိုင်မည့်အဖြေဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)
(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ United Nations on Drugs and Crime-UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာ (World Drug Report) ထုတ်ပြန်သည့် အခမ်းအနားနှင့် ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု လွန်စွာရှုပ်ထွေးလှသည့် ရွှေတြိဂံဒေသ၏ အစိတ်အပိုင်းတစ်ခုတွင်ပါဝင်နေပြီး မြန်မာနိုင်ငံ ရင်ဆိုင် နေရသော စိန်ခေါ်မှုအခက်အခဲများစွာသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စစ်တပ် မတရားအာဏာသိမ်းမှုကြောင့် ပိုမိုဆိုးရွားစေခဲ့ကြောင်း သံအမတ်ကြီးက​ပြောသည်။

Public Service Announcement

Public Service Announcement

(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)
(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)

UNODC ၏ စစ်တမ်းများအရ ၂၀၁၄ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သည်ကို တွေ့ရသော်လည်း စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ် ကထက် ၃၃ ရာခိုင်နှုန်း ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့ပြီး တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများလည်း ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။ ထိုအပြင် မက်တာဖက်တမင် ထုတ်လုပ်မှုသည်လည်း သိသာစွာ တိုးတက်လာကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

UNODC ၏ အချကိအလက်များအရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း တိုးလာပြီး စိုက်ဧက ဟတ်တာ ၄၀၁၀၀ (ဧက ၉၉,၀၀၀ ​ကျော်) ရှိလာသည်။အထွက်နှုန်းမှာလည်း ၈၈ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၇၉၀ အထိ့ရှိလာ​ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်တွင် ဘိန်းစိုက်ဧက ၂ ရာခိုင်နှုန်း ၊ဘိန်းအထွက်နှုန်း ၄ ရာခိုင်နှုန်းပိုများခဲ့​သော အ​ခြေအ​နေမှ စစ်တပ် အာဏာသိမ်းပြီး ဒုတိယ​မြောက်နှစ်ဖြစ်​သော ၂၀၂၂ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တစ်ဟုန်ထိုးများလာခြင်းဖြစ်သည်။

(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)
(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)

ဘိန်းအများဆုံးစိုက်ပျိုး​သော​ဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်​ကြောင်း UNODC က​ဖော်ပြသည်။

ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခြင်း​ကြောင့် ဒေသတွင်းမတည်ငြိမ်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ တရားမဝင်လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှုများ ပိုမိုဖြစ်ပေါ်စေသည့်အပြင်၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာများတွင် ဆိုးကျိုးများ သက်ရောက်လာစေခဲ့ကြောင်းလည်း ဦး​​ကျော်မိုးထွန်းက​ပြောသည်။

(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)
(UNODC ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနားသို့တက်​ရောက်ဆွေး​နွေး​နေ​သောဦး​ကျော်မိုးထွန်း / UNODC ၏ အချက်အလက်များအရဘိန်းစိုက်ပျိုး​မှု ​လေ့လာသု​တေသနပြုထား​သော​ဒေသများ​နှင့် ဘိန်းစိုက်ပျိုးမှုအ​ခြေအ​နေပြ အင်ဖိုဂရက်ဖစ်၊ ဘိန်းစိုက်ခင်းများနှင့် ဘိန်းစိုက်​တောင်သူတစ်ဦး။ ဓါတ်ပုံ-PMOMTTUN ၊ UNODC)

ထို့အပြင် ကာကွယ်ဆေးဝါးရရှိမှု၊ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု၊ ကုသခွင့်အစီအစဉ်များလည်း ပြုလုပ်နိုင်ခြင်းမရှိဘဲ အခြေအနေအများအပြားတွင် စစ်တပ်မှ ပိတ်ပင်မှုများ ပြုလုပ်ထားကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ တင်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။