Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး နိုင်ငံတကာကို NUG တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အချက်အလက်များကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

(နိုင်ငံ​​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ-The Guardian)
(နိုင်ငံ​​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ-The Guardian)

မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်နေကြသူများ၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားကြသူများအားလုံးနှင့် နိုင်ငံတကာအသိုက်အဝန်းက အစွမ်းကုန် ကြိုးစားဆောင်ရွက်ရန် NUG က ယနေ့ တိုက်တွန်းသည်။

စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်းဓါးစာခံများသဖွယ် မတရားဖမ်းဆီးခံထားကြရပြီးလူ့အခွင့်အရေးချိုးဖောက်ခံနေကြရသူများ၏ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး အားလုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက အသိပေးသည်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီသည် ခေတ်အဆက်ဆက် အာဏာရှင်များထက်ပင် ပိုမိုဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများစွာကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဆက်လက်ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း NUG က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးသည် ရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများ နှင့် အလားသဏ္ဍာန်တူနေသည့် ကာလဖြစ်သောကြောင့် တစ်ဦးတစ်ယောက် ချင်းစီတိုင်း၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် အနေအထားဖြစ်ကြောင်း NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

မည်သည့် ရည်ရွယ်ချက်အတွက်မဆိုဓါးစာခံအဖြစ်ဖမ်းဆီးခြင်းသည် လူတစ်ဦးချင်း၏ဘဝ၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှုအပါအဝင် လူတိုင်း၏ဂုဏ်သိက္ခာနှင့် အခြေခံ အခွင့်အရေးများနှင့် ကုလသမဂ္ဂက ထိန်းသိမ်းထားသော အခြေခံတန်ဖိုးများကို ချိုးဖောက်သည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ(ICCPR) ပဋိညာဉ်စာတမ်းများ၌ ပြဌာန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အချက်အလက်များကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။