Connect with us

Hi, what are you looking for?

သတင်း

အမျိုးသားရေးအစွန်းရောက် မဘသနှင့် စစ်တပ်ထောက်ခံ​ရေး ဆန္ဒပြပွဲများဦး​ဆောင်သူ ဦးတင့်လွင် ပစ်ခတ်ခံရ

အဆိုပါပစ်ခတ်ခံရမှုကြောင့် အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်(ခ)မှတ်ကြီး၏ ကျောကုန်းအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ သေနတ်ဒဏ်ရာရရှိခဲ့ရာ စစ်အုပ်စုမှ အရေးပေါ်ကားဖြင့်တင်ဆောင်၍ ဆေးရုံသို့ပို့လိုက်ကြောင်း ဒေသခံများက ပြောသည်။

(လွယ်အိတ်အဖြူလွယ်ထားသောသူမှာ ဦးတင့်လွင်ဖြစ်သည်။)
(လွယ်အိတ်အဖြူလွယ်ထားသောသူမှာ ဦးတင့်လွင်ဖြစ်သည်။)

အမျိုးသားရေးအစွန်းရောက် မဘသနှင့် အကြမ်းဖက်စစ်တပ် ထောက်ခံ​ရေးဆန္ဒပြပွဲများတွင် ဦး​ဆောင်သူ ဦးတင့်လွင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်သွားကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင် ၁)နံနက် ၁၀ နာရီခွဲခန့်က မြောက်ဥက္ကလာ ပမြို့နယ် (က)ရပ်ကွက်၊ မေယု (၄)လမ်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအစည်းအရုံးဥက္ကဋ္ဌ ဦးတင့်လွင်ဆိုသူသည် လက်ဘက်ရည်ဆိုင်တစ်ဆိုင်၌ ရှိနေစဥ် သေနတ်ဖြင့်သုံးချက် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်(ခ)မှတ်ကြီး၏ ကျောကုန်းအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ သေနတ်ဒဏ်ရာရရှိခဲ့ရာ စစ်အုပ်စုမှ အရေးပေါ်ကားဖြင့်တင်ဆောင်၍ ဆေးရုံသို့ပို့လိုက်ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အမည်မသိလက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံရသော ဦးတင့်လွင်(ခ)မှတ်ကြီးကို အမျိုးသားရေးလှုပ်ရှားသူများအသိုင်းအဝိုင်း၌ ဓားတင့်လွင်ဟုလည်း ခေါ်ဝေါ်ကြသည်။

၎င်းသည် ရိုဟင်ဂျာကန့်ကွက်​ရေး၊ အမျိူးသား​ရေးနှင့် စစ်တပ်​ထောက်ခံ​ရေး ဆန္ဒပြပွဲများတွင် ၎င်း၏ နာမည်ဖြင့် ခွင့်ပြုမိန့်​​တောင်းခံ ဦး​ဆောင်ဆန္ဒပြ​နေသူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။