Connect with us

Hi, what are you looking for?

သတင်း

အမျိုးသားရေးအစွန်းရောက် မဘသနှင့် စစ်တပ်ထောက်ခံ​ရေး ဆန္ဒပြပွဲများဦး​ဆောင်သူ ဦးတင့်လွင် ပစ်ခတ်ခံရ

အဆိုပါပစ်ခတ်ခံရမှုကြောင့် အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်(ခ)မှတ်ကြီး၏ ကျောကုန်းအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ သေနတ်ဒဏ်ရာရရှိခဲ့ရာ စစ်အုပ်စုမှ အရေးပေါ်ကားဖြင့်တင်ဆောင်၍ ဆေးရုံသို့ပို့လိုက်ကြောင်း ဒေသခံများက ပြောသည်။

(လွယ်အိတ်အဖြူလွယ်ထားသောသူမှာ ဦးတင့်လွင်ဖြစ်သည်။)
(လွယ်အိတ်အဖြူလွယ်ထားသောသူမှာ ဦးတင့်လွင်ဖြစ်သည်။)

အမျိုးသားရေးအစွန်းရောက် မဘသနှင့် အကြမ်းဖက်စစ်တပ် ထောက်ခံ​ရေးဆန္ဒပြပွဲများတွင် ဦး​ဆောင်သူ ဦးတင့်လွင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်သွားကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင် ၁)နံနက် ၁၀ နာရီခွဲခန့်က မြောက်ဥက္ကလာ ပမြို့နယ် (က)ရပ်ကွက်၊ မေယု (၄)လမ်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအစည်းအရုံးဥက္ကဋ္ဌ ဦးတင့်လွင်ဆိုသူသည် လက်ဘက်ရည်ဆိုင်တစ်ဆိုင်၌ ရှိနေစဥ် သေနတ်ဖြင့်သုံးချက် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်(ခ)မှတ်ကြီး၏ ကျောကုန်းအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ သေနတ်ဒဏ်ရာရရှိခဲ့ရာ စစ်အုပ်စုမှ အရေးပေါ်ကားဖြင့်တင်ဆောင်၍ ဆေးရုံသို့ပို့လိုက်ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အမည်မသိလက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံရသော ဦးတင့်လွင်(ခ)မှတ်ကြီးကို အမျိုးသားရေးလှုပ်ရှားသူများအသိုင်းအဝိုင်း၌ ဓားတင့်လွင်ဟုလည်း ခေါ်ဝေါ်ကြသည်။

၎င်းသည် ရိုဟင်ဂျာကန့်ကွက်​ရေး၊ အမျိူးသား​ရေးနှင့် စစ်တပ်​ထောက်ခံ​ရေး ဆန္ဒပြပွဲများတွင် ၎င်း၏ နာမည်ဖြင့် ခွင့်ပြုမိန့်​​တောင်းခံ ဦး​ဆောင်ဆန္ဒပြ​နေသူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook