Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ယာကြီးလမ်းပေါ်ရှိ ငါးမိုင်တိုးဂိတ်နှင့်မြေဖွေးတောင်အနီးရှိ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ လက်ရှိတွင် တိုက်ပွဲဖြစ်နေ

အဆိုပါဘန့်ဘွေးရွာမ (ဒေသအခေါ်) ပျူစောထီးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အပါအဝင် လေ့ကျင့်ပေးထားသောပျူစောထီး စုစုပေါင်း ၁၀၀ခန့်တပ်စွဲထားသည်ဟု ဒေသတွင်းပြည်သူ့ကာကွယ်‌‌ရေးတပ်များက ပြောသည်။

(မုံရွာ-ယာကြီး လမ်းပိုင်းပေါ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံခြုံရေး ရယူထားစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(မုံရွာ-ယာကြီး လမ်းပိုင်းပေါ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံခြုံရေး ရယူထားစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မုံရွာ – ယာကြီးလမ်းပေါ်ရှိ ငါးမိုင်တိုးဂိတ်နှင့်မြေဖွေးတောင်အနီး စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိတွေ့မှုများဖြစ်ပွားနေကြောင်း ယင်းမာပင်- ကနီ မဟာမိတပ်ပေါင်းစုက ယနေ့ (ဇူလိုင် ၅ ရက်) ထုတ်ပြန်သည်။

“လောလောဆယ်တော့တိုက်ပွဲကမပီးသေးဘူးဗျ”ဟု အဆိုပါအဖွဲ့က People’s Springသို့ ယနေ့နံနက် ၁၀နာရီခန့်က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများမှာ ဘန့်ဘွေးရွာမ‌မှထွက်လာသူများဖြစ် ကြောင်းလည်း အသိပေးသည်။

ထို့ကြောင့် လက်ရှိစစ်ရေးအခြေအနေအရ တိုက်ပွဲနေရာနှင့် မုံရွာ – ယာကြီးလမ်းပိုင်းအား ခရီးသွားပြည်သူများ၊ ဒေသခံများအနေဖြင့် ရှောင်ရှားပေးရန် မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၃ ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ယင်းမာပင်မြို့နယ်ဘန့်ဘွေးရွာမ (ဒေသအခေါ်) ပျူစောထီးရွာသို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးနိုင်ကြောင်း KLG PDF က ထုတ်ပြန်ထားသည်။

အဆိုပါဘန့်ဘွေးရွာမ (ဒေသအခေါ်) ပျူစောထီးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အပါအဝင် လေ့ကျင့်ပေးထားသောပျူစောထီး စုစုပေါင်း ၁၀၀ခန့်တပ်စွဲထားသည်ဟု ဒေသတွင်းပြည်သူ့ကာကွယ်‌‌ရေးတပ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook