Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတ​ပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

ထို့အပြင် ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖလံကန်ကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ဇူလိုင် ၁ ရက်က ဖလံကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ဇူလိုင် ၁ ရက်က ဖလံကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတ​ပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၃ ရက် ညနေပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဂွေးဂုဏ်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ယမန်နေ့(ဇူလိုင်၄ရက်) ည ၉နာရီခွဲအချိန်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် သံဖိုတောင်ကျေးရွာသို့ သွားရောက်တပ်စွဲခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယနေ့ (ဇူလိုင်၅ရက်) နံနက် ၇နာရီခွဲခန့်တွင်လည်း တရားကျေးရွာသို့ သေနက်ပစ်ဖောက်ဝင်ရောက်လာကာ အကြမ်းဖက်မွှေနှောက်နေကြောင်း၊ နံနက် ၈နာရီခွဲခန့်တွင် တရားကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် မြေဇွန်းကျေးရွာရှိ အသက်၁၂နှစ်အရွယ်ကလေး‌တစ်ဦး ဒဏ်ရာအပြင်းထန်ရရှိထားကြောင်း၊ တရားကျေးရွာနှင့် အနီးဝန်းကျင်ရွာများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညပိုင်းကလည်း ဆားလင်းကြီးမြို့ ရဲစခန်းရှိ အကြမ်းဖက်အုပ်စုသည် သေနတ်များရမ်းသမ်းပစ်ဖောက်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖလံကန်ကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၂၀ ဝန်းကျင်လည်း ဇွန်လကုန်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့၍ အကူအညီများလိုအပ်နေသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအပါအဝင် ကျေးရွာအများအပြားအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပြည်သူများအား သတ်ဖြတ်ခြင်းများပြုလုပ်နေပြီး လက်ပန်းတောင်းတောင်ဒေသတစ်ခုတည်းပင် ​ဒေသခံ၂၃ဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။