Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ၍ ရဟတ်ယာဥ်ပစ်ကူ​ပေး၍ဆုတ်ခွာ

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

(စစ်​ကောင်စီတပ်က အထိ့နာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ- CJ)
(စစ်​ကောင်စီတပ်က အထိ့နာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ- CJ)

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းနယ်စပ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က လေယာဥ်ပါပစ်ကူခဲ့သော်လည်း ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Force အဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်လ ၆ရက်) နံနက် ၇နာရီခွဲခန့်ကစစ်ကိုင်းတိုင်းမြောင်နယ်အစပ်နှင့် မကွေးတိုင်းရေစကြိုမြို့နယ် အစပ်ဖြစ်သော ရွှေလှံကျေးရွာနှင့် မြစ်သာကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ​အကြမ်းဖက်စစ်ကောင်စီတပ်များ ၂နာရီ ကြာတိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်က ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Forceအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ ဝန်းရံပိတ်ဆို့ခဲ့သော်လည်းအထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် ရဟတ်ယာဥ် အသုံးပြုစစ်ကူ​ပေးတိုက်ခိုက်ခဲ့၍ ဆုတ်ခွာသွားနိုင်ခဲ့သည်ဟုလည်းဆိုသည်။

Public Service Announcement
Public Service Announcement

ရဟတ်ယာဥ်သုံး​သော်လည်းပြည့်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂)၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃)၊ Natogyi Regional Defense Force၊ Myaung Special People Defense Force၊ ကျေးရွာတပ်ပေါင်းစု(မြောင်)၊ ရေလယ်ကျွန်း Phoenix စသည့်အဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု၎င်းအဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Seven People Defense Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ်က မြစ်သာကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာနေအိမ်များ မီးရှို့ခဲ့ကြောင်း၊ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေး ဗိုလ်တောက်ထွန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။