Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်ရှိ စခတ(၁၀)တပ်ရင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီထပ်ရောက်နေ၍ ​ဒေသခံပြ​ည်သူများသတိပြုနေထိုင်ကြရန် မြို့နယ်(ပကဖ)သတိ​ပေး

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

အရာတော်နယ်
အရာတော်နယ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စခတ(၁၀)(စစ်ရေးအခြေခံလေ့ကျင့်ရေးတပ်)တပ်ရင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားရာနှင့်ချီထပ်ရောက်နေ၍ ​ဒေသခံပြ​ည်သူများသတိပြုနေထိုင်ကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇူလိုင် ၆ရက်)တွင် သတိပေးကြေညာသည်။

အရာတော်မြို့ အရှေ့ဘက် စခတ(၁၀)တပ်ရင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာဂဏန်း ထပ်မံရောက်ရှိလာပြီး အင်အားဖြည့်တင်းထားကြောင်း၊ စစ်ကောင်စီက စခတ(၁၀)ကို အခြေပြုပြီး မြို့နယ်တွင်း ပုံမှန် ရွာစဉ်လှည့်၍ လူသတ်မီးရှို့လေ့ရှိသည့်အပြင် ယခု ထပ်မံရောက်ရှိလာသော တပ်အင်အားများနှင့်အတူ မြို့နယ်တွင်း ကျေးရွာများအား အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်သဖြင့် အရာတော်မြို့နယ် ပြည်သူလူထုကလည်း မိမိတို့နှင့် မိမိရပ်ရွာ ဘေးကင်းလုံခြုံရေးအတွက် သတိပြုရမည့်အချက်များအား သိရှိစေရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

ထို့အပြင် ဒေသခံ တော်လှန်ရေးအင်အားစုများ၏ သတိပေးထုတ်ပြန်ကြေညာချက်များအား သိရှိသူက မသိရှိသေးသူများကို လက်ဆင့်ကမ်းအသိပေးပြောပြရင်း မိမိတို့ ကိုယ်တိုင်လည်း အပြည့်အဝ ပူးပေါင်းလိုက်နာပေးကြရန်၊ မိမိတို့၏ ရပ်ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပါကလည်း စစ်ဘေးရှောင်ပြည်သူအချင်းချင်း ဖေးမကူညီပေးကြရန် စသည့်အချက်များအား(အထူး) သတိပြုလိုက်နာပေးကြပါရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး ကျေးရွာအများအပြားအား အကြမ်းဖက်ဖျက်ဆီးခံရခြင်း၊ ဒေသခံအများအပြား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။