Connect with us

Hi, what are you looking for?

သတင်း

ကျဆုံး NLDအမတ် ဦးကျော်မျိုးမင်းအား နွေဦးအာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ ထုတ်ပြန်

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေတွင် KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်(PDF)နှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး မိတ်ဖက်ရေးကာကြီးကြပ်ကွပ်ကဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ
ဓာတ်ပုံ - KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ

စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၍ ကျဆုံးခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား နွေဦးအာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ယနေ့ ထုတ်ပြန် သည်။

ဦးကျော်မျိုးမင်းသည် ကော်မတီ၏အတွင်းရေးမှူး(၂) အဖြစ် တာဝန်ယူထားသူလည်းဖြစ်ပြီး ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ
ဓာတ်ပုံ – KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ

ဦးကျော်မျိုးမင်းအပါအဝင် ၄ဦးကို စစ်ကောင်စီတပ်က ဇွန်လ ၂၂ရက်တွင် ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ ယင်းနေ့၌ ကျဆုံးခဲ့ပြီး ဦးကျော်မျိုးမင်း နှင့်အခြားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ ဇွန်လ ၃၀ရက်တွင် နှိပ်စက်သတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ခဲ့သည်ဟုဆိုသည်။

ဦးကျော်မျိုးမင်းသည် မြန်မာနိုင်ငံတွင်း ထာ၀ရ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်စစ်ဆင်နွှဲရာ၌ ကျရာတာဝန်အား ကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကော်မတီက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ
ဓာတ်ပုံ – KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေတွင် KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်(PDF)နှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး မိတ်ဖက်ရေးကာကြီးကြပ်ကွပ်ကဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဦးကျော်မျိုးမင်း၊ ကိုကိုမောင်၊ကိုပန်းမြင့်တို့ ကျဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ KNUတပ်မဟာ(၁) ခေါင်းဆောင်၏ ညွှန်ကြားချက်အရ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေး ကော်မတီ၏အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦး ဦးဆောင်၍ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့်”People’s Force”မှ ဆေးတပ်ဗိုလ်ကြီးအပါတပ်စိတ် တစ်စိတ်ဖြင့် Dead body များအား တောနင်းရှာဖွေခြင်း၊ တူးဖော်ခြင်း၊ အတည်ပြုခြင်း၊ စနစ်တကျ ပြန်လည်သဂြိုလ်ပေးခြင်းနှင့် အမိန့်ပြန်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။