ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တပ်မဟာ(၁) နယ်မြေ၌ ယခုနှစ် ၆လအတွင်းတိုက်ပွဲ ၂၀၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၄၅ဦးသေဆုံးကာ ၃၂၂ဦးဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။
ယခုနှစ် ၆လတာကာလအတွင်း KNU နယ်မြေအားလုံး၌ တိုက်ပွဲ ၂,၆၈၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂,၂၀၈ ဦးသေဆုံးခဲ့ရာ တပ်မဟာ(၁)နယ်မြေအတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားမှာ ၄၄၅ဦး ဖြစ်သည်။
ထို့ပြင် KNU တပ်မဟာ(၁)ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်သား သုံးဦးရှိသည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း KNU လက်အောက်ခံတပ်များဖြစ်သည့် KNLA/KNDO နှင့် ပူးပေါင်းတပ်များမှ သူရဲကောင်း ၇ဦး ကျဆုံးခဲ့ပြီး ၈ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့်လည်း KNU တပ်မဟာ (၁)နယ်မြေရှိ ဒေသခံများ စစ်ဘေးတိမ်းရှောင်ရပြီး လက်နက်ကြီးကြောင့် သေဆုံးထိခိုက်မှုများလည်းရှိခဲ့သည်။
KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ)၊ ကျိုက်ထို မြို့နယ်များ ပါဝင်သည်။
KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၇)မှ အပ ကျန်တပ်မဟာများ၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီးတပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည်။


















































