Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းနယ် တောင်လက်ဒေသတွင် ပျူစောထီးအဖွဲ့ကင်းလှည့်ချိန် တိုက်မိုင်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

(မင်းကင်းဒေသတွင်း PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-မင်းကင်းနွေဦးတော်လှန်ရေး)
(မင်းကင်းဒေသတွင်း PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-မင်းကင်းနွေဦးတော်လှန်ရေး)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ယနေ့နံနက်ပိုင်းက ပျူစောထီးအဖွဲ့ ကင်းလှည့်ချိန် တိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ပျူ နှစ်ဦးသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။

ယနေ့ (ဇူလိုင် ၉ရက်) နံနက် ၇နာရီခွဲခန့်တွင် မင်းကင်းမြို့နယ် တောင်လက်ဒေသ၊ အထက်စသာဘက်သို့ ပျူ ခုနစ်ဦးကင်းလှည့်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။

ထိုအချိန်တွင် MKPDF-2 ၊ တပ်ခွဲ(၂)မှ ကင်းသမားရဲဘော်က အဆက်မပြတ်ပစ်ခတ်ခဲ့ရာ ပျူ နှစ်ဦး သေဆုံးပြီး ၎င်းတို့အဖွဲ့ဘက်က ပြန်လည်မပစ်ခတ်နိုင်ဘဲ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဇူလိုင်လ ၈ရက်)ကလည်း မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အ‌ရှေ့ကူလဲရွာမှပျူများနှင့်အကြမ်းဖက်စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာရာ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)၊ တပ်ခွဲ(၂)တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့သည်။

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။