Connect with us

Hi, what are you looking for?

News

COVID-19 ရောဂါဖြစ်ပွားသူနှင့် ကွယ်လွန်သူစာရင်း NUG ကျန်းမာရေးဝန်ကြီးဌာန စစ်တမ်းကောက်ယူ

ပြည်သူများအနေဖြင့်”၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း”မိမိကိုယ်တိုင်(သို့မဟုတ်) မိမိ၏အတူနေမိသားစုအတွင်း “ဖြစ်ပွားခဲ့ဖခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း”ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုသည်ဟု NUG က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ကွယ်လွန်သူစာရင်းကို စတင်ကောက်ခံလျက်ရှိပြီး ပြည်သူများ ဝင်ရောက်ဖြေဆိုပေးရန် ပန်ကြားထားသည်။

ပြည်သူများအနေဖြင့်”၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း”မိမိကိုယ်တိုင်(သို့မဟုတ်) မိမိ၏အတူနေမိသားစုအတွင်း “ဖြစ်ပွားခဲ့ဖခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း”ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုသည်ဟု NUG က ထုတ်ပြန်သည်။

ယခုနှစ် ဇွန်လမှစတင်၍ မြန်မာပြည်တွင်COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိရာ ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျမှတ်တမ်းတင် ပြုစုထားရန် လိုအပ်ကြောင်း၊ ယခုစစ်တမ်းက ရရှိသော အချက်အလက်များသည်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာန၏ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် COVID-19 ရောဂါ ဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းဖြေဆိုခြင်းကို ဖော်ပြပါ Link (https://docs.google.com/…/12icJk_HTqlp7icQXW…/edit ) တွင် ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။