Connect with us

Hi, what are you looking for?

LuduNwayOo

News

COVID-19 ရောဂါဖြစ်ပွားသူနှင့် ကွယ်လွန်သူစာရင်း NUG ကျန်းမာရေးဝန်ကြီးဌာန စစ်တမ်းကောက်ယူ

ပြည်သူများအနေဖြင့်”၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း”မိမိကိုယ်တိုင်(သို့မဟုတ်) မိမိ၏အတူနေမိသားစုအတွင်း “ဖြစ်ပွားခဲ့ဖခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း”ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုသည်ဟု NUG က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ကွယ်လွန်သူစာရင်းကို စတင်ကောက်ခံလျက်ရှိပြီး ပြည်သူများ ဝင်ရောက်ဖြေဆိုပေးရန် ပန်ကြားထားသည်။

ပြည်သူများအနေဖြင့်”၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း”မိမိကိုယ်တိုင်(သို့မဟုတ်) မိမိ၏အတူနေမိသားစုအတွင်း “ဖြစ်ပွားခဲ့ဖခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း”ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုသည်ဟု NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခုနှစ် ဇွန်လမှစတင်၍ မြန်မာပြည်တွင်COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိရာ ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျမှတ်တမ်းတင် ပြုစုထားရန် လိုအပ်ကြောင်း၊ ယခုစစ်တမ်းက ရရှိသော အချက်အလက်များသည်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာန၏ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် COVID-19 ရောဂါ ဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းဖြေဆိုခြင်းကို ဖော်ပြပါ Link (https://docs.google.com/…/12icJk_HTqlp7icQXW…/edit ) တွင် ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။