Connect with us

Hi, what are you looking for?

News

NUG ခေါင်းဆောင်တွေနဲ့ထိတွေ့ဆွေးနွေးတာ ဆက်လက်လုပ်ဆောင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အမေရိကန်ပြော

အမေရိကန်အစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ် တည်နေတယ်လို့ ထုတ် ဖော်ပြောဆိုပါတယ်။

မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က သမ္မတဘိုင်ဒန် အစိုးရရဲ့ NUG အပေါ်ထားတဲ့သဘောထားနဲ့ပတ်သက်လို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ အခုလို ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

“ကျွန်တော်တို့ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ အခုလိုထိတွေ့မှုတွေ နက်ရှိုင်းစေဖို့ ကျွန်တော်တို့ ဆက်လုပ်ဆောင်မှာပါ” လို့ Ned Price က ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီတွေ့ဆုံမှုဟာ ဘိုင်ဒန်အစိုးရက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားနေတဲ့ အချက်ပြမှုလားလို့ သတင်းထောက်တစ်ဦးက မေးခွန်းထုတ်ခဲ့တာပါ။

“ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေတယ်လို့ ပြောခဲ့ပြီးပါပြီ။ ပထမဆုံးကတော့ ဒီမိုကရေစီစနစ် ပြန်သွားဖို့ အလွန်စိတ်အားထက်သန်နေတဲ့ မြန်မာပြည်သူတွေနဲ့ ကျွန်တော်တို့ အတူရပ်တည် နေပါတယ်။ မြန်မာပြည်သူတွအတွက် ခိုင်မာတဲ့ အကူအညီအစိတ်အပိုင်းအဖြစ် ကျွန်တော်တို့ဟာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေနဲ့ ထိတွေ့မှုရှိနေတယ်။ ဒီလို လုပ်ဆောင်ခြင်းက ဒီမိုကရေစီအစိုးရကို ပြန်လည်အသက်သွင်းဖို့ပဲဖြစ်ပါတယ်” လို့ Ned Price က ဖြေကြားပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၆ လ ကျော်ရှိလာပေမယ့် အမေရိကန်ဟာ မြန်မာလူထု တစ်ရပ်လုံးဆန့်ကျင်နေတဲ့ စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံတာ၊ တွေ့ဆုံဆွေးနွေးတာ မရှိပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီး Wendy Sherman နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင် မာအောင်တို့တွေ့ဆုံရာမှာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အမေရိကန်က ဆက်လက် ကူညီမယ့် အရေးအပါအဝင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းမှုတွေကို ထည့် သွင်းဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။