Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG ခေါင်းဆောင်တွေနဲ့ထိတွေ့ဆွေးနွေးတာ ဆက်လက်လုပ်ဆောင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အမေရိကန်ပြော

အမေရိကန်အစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ် တည်နေတယ်လို့ ထုတ် ဖော်ပြောဆိုပါတယ်။

မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က သမ္မတဘိုင်ဒန် အစိုးရရဲ့ NUG အပေါ်ထားတဲ့သဘောထားနဲ့ပတ်သက်လို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ အခုလို ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

“ကျွန်တော်တို့ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ အခုလိုထိတွေ့မှုတွေ နက်ရှိုင်းစေဖို့ ကျွန်တော်တို့ ဆက်လုပ်ဆောင်မှာပါ” လို့ Ned Price က ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီတွေ့ဆုံမှုဟာ ဘိုင်ဒန်အစိုးရက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားနေတဲ့ အချက်ပြမှုလားလို့ သတင်းထောက်တစ်ဦးက မေးခွန်းထုတ်ခဲ့တာပါ။

“ကျွန်တော်တို့ ထိတွေ့ဆက်ဆံနေတယ်လို့ ပြောခဲ့ပြီးပါပြီ။ ပထမဆုံးကတော့ ဒီမိုကရေစီစနစ် ပြန်သွားဖို့ အလွန်စိတ်အားထက်သန်နေတဲ့ မြန်မာပြည်သူတွေနဲ့ ကျွန်တော်တို့ အတူရပ်တည် နေပါတယ်။ မြန်မာပြည်သူတွအတွက် ခိုင်မာတဲ့ အကူအညီအစိတ်အပိုင်းအဖြစ် ကျွန်တော်တို့ဟာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေနဲ့ ထိတွေ့မှုရှိနေတယ်။ ဒီလို လုပ်ဆောင်ခြင်းက ဒီမိုကရေစီအစိုးရကို ပြန်လည်အသက်သွင်းဖို့ပဲဖြစ်ပါတယ်” လို့ Ned Price က ဖြေကြားပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၆ လ ကျော်ရှိလာပေမယ့် အမေရိကန်ဟာ မြန်မာလူထု တစ်ရပ်လုံးဆန့်ကျင်နေတဲ့ စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံတာ၊ တွေ့ဆုံဆွေးနွေးတာ မရှိပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီး Wendy Sherman နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင် မာအောင်တို့တွေ့ဆုံရာမှာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အမေရိကန်က ဆက်လက် ကူညီမယ့် အရေးအပါအဝင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းမှုတွေကို ထည့် သွင်းဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။