Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင် ရုရှားရောက်နေ

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိပေမယ့် ရုရှားသတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီခေါင်းဆောင်ဟာ ရုရှားနျူကလီးယား အေဂျင်စီနဲ့တွေ့ဆုံမှုအပြင် ရုရှားအာကာသအေဂျင်စီအကြီးအကဲနဲ့လည်းတွေ့ဆုံမယ်လို့ ရေးသားဖော်ပြကြပါတယ်။

မင်းအောင်လှိုင်
မင်းအောင်လှိုင်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ဒီနေ့မှာ ရောက်ရှိနေပြီး ရုရှားနျူကလီးယား အေဂျင်စီနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ရုရှားသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

စစ်ကောင်စီကို ဖိအားပေးမှုတွေဆက်လက်လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ပြောဆိုလိုက်ပြီး ရက်ပိုင်းအကြာမှာတင် ရုရှားနိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိနေတာပါ။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိပေမယ့် ရုရှားသတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီခေါင်းဆောင်ဟာ ရုရှားနျူကလီးယား အေဂျင်စီနဲ့တွေ့ဆုံမှုအပြင် ရုရှားအာကာသအေဂျင်စီအကြီးအကဲနဲ့လည်းတွေ့ဆုံမယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။