Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နောက်ဆုံးခရီးကို ဂျပန်ပြည်သူတွေ စုဝေး နှုတ်ဆက်

တိုကျို မြို့အနှံ့မှာတော့ ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူထားကြတာ တွေ့ရပါတယ်။ နိဗ္ဗာန်ယာဉ်ဟာ ၁၉၉၃ ခုနှစ်မှာ အာဘေးက နိုင်ငံရေး နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့ လွှတ်တော် အဆောက်အအုံ ရှေ့ကလည်း ဖြတ်မောင်းခဲ့ပါတယ်။

ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နောက်ဆုံးခရီးကို ဂျပန်ပြည်သူတွေ စုဝေး နှုတ်ဆက်
ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နောက်ဆုံးခရီးကို ဂျပန်ပြည်သူတွေ စုဝေး နှုတ်ဆက်

လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နာရေး အခမ်းအနားမှာ ဂျပန်ပြည်သူ ထောင်ပေါင်းများစွာက စုဝေးပြီး ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါတယ်။

အသက် ၆၇ နှစ်အရွယ် အာဘေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က နာရာမြို့၊ နိုင်ငံရေး ဟောပြောပွဲ တစ်ခုမှာ မိန့်ခွန်းပြောနေတုန်း လူတစ်ဦးရဲ့ ပစ်ခတ် လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းတင်ထားသလို ခေတ်သစ် ဂျပန်ရဲ့ စစ်ရေး၊ နိုင်ငံရေး မူဝါဒ အပြောင်းအလဲတွေမှာ အဓိက အကျဆုံး ဗဟိုချက်ကနေ ပါဝင်ခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်မှာတော့ ဝန်ကြီးချုပ်ရဲ့ ရုပ်အလောင်းကို တင်ဆောင်သွားတဲ့ အနက်ရောင် နိဗ္ဗာန်ယာဉ်ဟာ တိုကျိုမြို့ထဲက အထင်ကရ နေရာတွေကို လှည့်ပတ် မောင်းနှင်ခဲ့ပြီးမှ ကီရီဂါယာ ဈာပန ခန်းမကို ဆိုက်ရောက်လာခဲ့ပါတယ်။ နိဗ္ဗာန်ယာဉ် မောင်းနှင်သွားရာ လမ်းတစ်ဖက် တစ်ချက်မှာတော့ ပြည်သူတွေ စုဝေးပြီး အာဘေးကို နောက်ဆုံးအကြိမ် လာရောက် နှုတ်ဆက်ခဲ့ကြပါတယ်။

တိုကျို မြို့အနှံ့မှာတော့ ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူထားကြတာ တွေ့ရပါတယ်။ နိဗ္ဗာန်ယာဉ်ဟာ ၁၉၉၃ ခုနှစ်မှာ အာဘေးက နိုင်ငံရေး နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့ လွှတ်တော် အဆောက်အအုံ ရှေ့ကလည်း ဖြတ်မောင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဘေးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီးတဲ့နောက် ဇနီးဖြစ်သူ အကီအာဘေးက ခင်ပွန်းသည်ရဲ့ ကမ္ဗည်းတိုင်ကို သယ်ယူသွားတာလည်း တွေ့ရပါတယ်။ ရုပ်အလောင်းကို မီးမသင်္ဂြိုဟ်ခင် ဇိုဂျိုဂျီ ဘုရားကျောင်းမှာ မိသားစုဝင်တွေပဲ ပါဝင်တဲ့ သီးသန့် နာရေး အစီအစဉ် တစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

အာဘေးဟာ ဂျပန်ရဲ့ အငြင်းပွားစရာ နိုင်ငံရေးသမား တစ်ယောက်အဖြစ် ရှိခဲ့ပေမယ့် ခေတ်သစ် ဂျပန်နိုင်ငံရဲ့ အရည်အချင်း အရှိဆုံး ဝန်ကြီးချုပ် တစ်ဦးအဖြစ်လည်း အသိအမှတ်ပြု ခံခဲ့ရပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ ကျန်းမာရေး အခြေအနေတွေအရ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

လုပ်ကြံမှုရဲ့ တရားခံကို ရဲတွေက ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး လူသတ်သမားဟာ အာဘေး ထောက်ခံ အားပေးတဲ့ ဘာသာရေး အသင်းအဖွဲ့ တစ်ခုအပေါ် မုန်းတီးရာက ဝန်ကြီးချုပ်ဟောင်းကို အငြှိုးထား လုပ်ကြံခဲ့တာလို့ ကနဦး ဖော်ထုတ် သိရှိထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

Facebook