Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအဆင့်ရှိသူတွေအပါအဝင် အရာရှိတွေ၊ တပ်သားတွေ အများအပြားသေဆုံးခဲ့တဲ့ တိုက်ပွဲ

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်သေဆုံးမှုတွေများပြားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင်(၁၂)ရက် မနက်(၈)နာရီအချိန်ခန့်က မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားမှာ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခလရ(၈)တပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအဆင့်ရှိသူတွေအပါအဝင် အရာရှိတွေ၊ တပ်သားတွေ အများအပြားသေဆုံးခဲ့ကာ တပ်ရင်းဖွဲ့စည်းပုံပျက်တဲ့အထိ သေကြေပျက်စီးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းဘက်ကတော့ သုံးဦးသာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။