Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအဆင့်ရှိသူတွေအပါအဝင် အရာရှိတွေ၊ တပ်သားတွေ အများအပြားသေဆုံးခဲ့တဲ့ တိုက်ပွဲ

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်သေဆုံးမှုတွေများပြားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင်(၁၂)ရက် မနက်(၈)နာရီအချိန်ခန့်က မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားမှာ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခလရ(၈)တပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအဆင့်ရှိသူတွေအပါအဝင် အရာရှိတွေ၊ တပ်သားတွေ အများအပြားသေဆုံးခဲ့ကာ တပ်ရင်းဖွဲ့စည်းပုံပျက်တဲ့အထိ သေကြေပျက်စီးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းဘက်ကတော့ သုံးဦးသာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။