Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားများကို အထူးနေထိုင်ခွင့်ဗီဇာ ခွင့်ပြုပေးထား

ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ၂၀၂၁ မတ်လ ၁၂ရက်တွင် G1-99 ဗီဇာအား အထူးနေထိုင်ခွင့် ဗီဇာအဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံသားများ အနေဖြင့် အမိမြန်မာပြည် တည်ငြိမ်အေးချမ်းသည်အထိ ကိုရီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံး ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

(​တောင်ကိုရီးယား​ရောက် မြန်မာများ NUG အစိုးရ​ထောက်ခံ​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ပြီးခဲ့သည့်ဇွန်လ၂၅ရက်က ​တွေ့ရစဥ်)
(​တောင်ကိုရီးယား​ရောက် မြန်မာများ NUG အစိုးရ​ထောက်ခံ​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ပြီးခဲ့သည့်ဇွန်လ၂၅ရက်က ​တွေ့ရစဥ်)

တောင်ကိုရီးယားအစိုးရသည် ၎င်းတို့နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ယာယီအထူးနေထိုင်ခွင့်ဗီဇာခွင့်ပြုထားကြောင်း ယင်းနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ယနေ့ထုတ်ပြန်သည်။

အဆိုပါ အထူးနေထိုင်ခွင့်ဗီဇာ G1-99 အရ ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်တွင် သက်တမ်းရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ဘဲ G1-99 ဗီဇာ သက်တမ်းတိုးပေးခြင်းအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု အသိပေးထားသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူများ၏ တင်ပြ တောင်းဆိုချက်အရ ယခင် တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားများကို လူသားချင်းစာနာသည့် ယာယီနေထိုင်ခွင့်ဗီဇာ G1-99 ဗီဇာအား ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန် သည်။

ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ၂၀၂၁ မတ်လ ၁၂ရက်တွင် G1-99 ဗီဇာအား အထူးနေထိုင်ခွင့် ဗီဇာအဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံသားများ အနေဖြင့် အမိမြန်မာပြည် တည်ငြိမ်အေးချမ်းသည်အထိ ကိုရီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံး ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရုရှား၏ ကျူးကျော်စစ်ကို ခံစားနေရသည့် ယူကရိန်းနိုင်ငံသားများကိုလည်း မြန်မာနိုင်ငံသားများကဲ့သို့ G1-99ဗီဇာဖြင့် အထူးနေထိုင်ခွင့်ပေးထားသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။