Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားများကို အထူးနေထိုင်ခွင့်ဗီဇာ ခွင့်ပြုပေးထား

ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ၂၀၂၁ မတ်လ ၁၂ရက်တွင် G1-99 ဗီဇာအား အထူးနေထိုင်ခွင့် ဗီဇာအဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံသားများ အနေဖြင့် အမိမြန်မာပြည် တည်ငြိမ်အေးချမ်းသည်အထိ ကိုရီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံး ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

(​တောင်ကိုရီးယား​ရောက် မြန်မာများ NUG အစိုးရ​ထောက်ခံ​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ပြီးခဲ့သည့်ဇွန်လ၂၅ရက်က ​တွေ့ရစဥ်)
(​တောင်ကိုရီးယား​ရောက် မြန်မာများ NUG အစိုးရ​ထောက်ခံ​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ပြီးခဲ့သည့်ဇွန်လ၂၅ရက်က ​တွေ့ရစဥ်)

တောင်ကိုရီးယားအစိုးရသည် ၎င်းတို့နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ယာယီအထူးနေထိုင်ခွင့်ဗီဇာခွင့်ပြုထားကြောင်း ယင်းနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ယနေ့ထုတ်ပြန်သည်။

အဆိုပါ အထူးနေထိုင်ခွင့်ဗီဇာ G1-99 အရ ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်တွင် သက်တမ်းရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ဘဲ G1-99 ဗီဇာ သက်တမ်းတိုးပေးခြင်းအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု အသိပေးထားသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူများ၏ တင်ပြ တောင်းဆိုချက်အရ ယခင် တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားများကို လူသားချင်းစာနာသည့် ယာယီနေထိုင်ခွင့်ဗီဇာ G1-99 ဗီဇာအား ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန် သည်။

ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ၂၀၂၁ မတ်လ ၁၂ရက်တွင် G1-99 ဗီဇာအား အထူးနေထိုင်ခွင့် ဗီဇာအဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံသားများ အနေဖြင့် အမိမြန်မာပြည် တည်ငြိမ်အေးချမ်းသည်အထိ ကိုရီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံး ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရုရှား၏ ကျူးကျော်စစ်ကို ခံစားနေရသည့် ယူကရိန်းနိုင်ငံသားများကိုလည်း မြန်မာနိုင်ငံသားများကဲ့သို့ G1-99ဗီဇာဖြင့် အထူးနေထိုင်ခွင့်ပေးထားသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ပြောကြားခဲ့တာပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

နိုင်ငံတကာ

လီယောင်ဆိုဟာ ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် တက်ကြွ လှုံ့ဆော်သူ တဦးဖြစ်ပြီး သူက မြောက်ကိုရီးယားကို တခမ်းတနား ဂုဏ်ပြု ရေးဖွဲ့ထားတဲ့ ကဗျာကို ၂၀၁၆ ခုနှစ်မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဝါဒဖြန့် ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားထက် ဂြိုဟ်တု နည်းပညာပိုင်းမှာ ဆယ်စုနှစ်တွေနဲ့ချီ ရှေ့ရောက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်ပါ။