Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲမှာ အီရန်လုပ် ဒရုန်းတွေကို ရုရှား အသုံးပြုလာနိုင်တယ်လို့ အမေရိကန် သတိပေး

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နက်ဆာ ကာနာနီ ချာဖီကတော့ အီရန်နဲ့ ရုရှားတို့ကြား စစ်ရေး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ယူကရိန်းစစ်ပွဲ မတိုင်ခင် ကတည်းက သဘောတူညီမှု ရရှိထားတာလို့ ပြောပါတယ်။

စစ်ပွဲမှာ အီရန်လုပ် ဒရုန်းတွေကို ရုရှား အသုံးပြုလာနိုင်တယ်လို့ အမေရိကန် သတိပေး
စစ်ပွဲမှာ အီရန်လုပ် ဒရုန်းတွေကို ရုရှား အသုံးပြုလာနိုင်တယ်လို့ အမေရိကန် သတိပေး

ရုရှားနဲ့ စစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားဟာ အီရန်ဆီက ဒရုန်းတွေ အမြောက်အမြား အကူအညီ ရရှိလာနိုင်ကြောင်း အမေရိကန် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်က ရရှိထားတဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေအရ အီရန်ဟာ ရုရှားကို တိုက်ပွဲဝင်အဆင့် အသုံးပြုနိုင်မယ့် မောင်းသူမဲ့လေယာဉ် ဒရုန်း အစီးရေ ရာပေါင်း အတော်များများ ကူညီ ထောက်ပံ့ပေးဖို့ သဘောတူထားကြောင်း အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်က ဆိုပါတယ်။

အီရန်က ရုရှားကို ဒရုန်းတွေ ကူညီမယ်ဆိုတာ သေချာသလောက် ရှိနေကြောင်း၊ အဲဒီ ဒရုန်းတွေကို စတင် ပို့ဆောင်ပြီးပြီလား ဆိုတာတော့ အတိအကျ အတည်မပြုနိုင်သေးကြောင်း ဆူလီဗန်က ပြောကြားသွားပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အီရန်ကို လာမယ့် သီတင်းပတ်မှာ သွားရောက်မယ်လို့ ကြေညာလိုက်တဲ့နောက် အမေရိကန်ဖက်က အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။ ဒီအတောအတွင်း ယူကရိန်း အစိုးရကလည်း ရုရှားနဲ့ စစ်ပွဲမှာ အသုံးပြုဖို့အတွက် ဒရုန်းအရေအတွက် ထောင်နဲ့ချီ လှူဒါန်း ပေးပို့ကြဖို့ ပန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နက်ဆာ ကာနာနီ ချာဖီကတော့ အီရန်နဲ့ ရုရှားတို့ကြား စစ်ရေး နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ယူကရိန်းစစ်ပွဲ မတိုင်ခင် ကတည်းက သဘောတူညီမှု ရရှိထားတာလို့ ပြောပါတယ်။

ဆူလီဗန်က ရုရှားဟာ ယူကရိန်း အရှေ့ပိုင်း ဒေသတွေမှာ အလုံးအရင်း ထိုးစစ်ဆင် တိုက်ခိုက်ဖို့အတွက် စစ်လက်နက် ပမာဏ အမြောက်အမြား ပြုန်းတီး ခံခဲ့ရပြီး အီရန်ဆီကပါ ဒရုန်းတွေ အကူအညီ ရယူဖို့ ကြိုးစားလာတာလို့ ဆိုပါတယ်။ အီရန်ဟာ ယီမင်က ဟိုသီ သူပုန်တွေကို ဆော်ဒီအာရေးဘီးယားနဲ့ စစ်ခင်း တိုက်ခိုက်ရာမှာလည်း ဒရုန်းတွေ အကူအညီ ပေးခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ NATO မဟာမိတ် နိုင်ငံတွေဟာ စစ်ပွဲမှာ ယူကရိန်းကို ငွေအား၊ လက်နက်အင်အား အလုံးအရင်းနဲ့ ကူညီပေးခဲ့သလို ရှေ့ဆက်ပြီးလည်း ယူကရိန်းအတွက် အမေရိကန်က ပံ့ပိုးပေးနေဦးမယ်လို့ ဆူလီဗန်က ကတိပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။