Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကတော်တစ်ဦးအပါအဝင် သုံးဦးသေ

မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းမပိုင်းများပေါ်တွင် SBDF တပ်စိပ်များ၊ မဟာမိတ်အဖွဲ့များ၊ လှုပ်ရှားလျက်ရှိပြီး နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင် တိုက်ခိုက်လျက်ရှိကြောင်း SBDFက အသိပေးသည်။

ရွှေဘို - မြစ်ကြီးနားလမ်းပိုင်း
ရွှေဘို - မြစ်ကြီးနားလမ်းပိုင်း

စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကတော်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Shwe Bo Defense Force-SBDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၀ ရက် နံနက် ၁၀နာရီခွဲခန့်က မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း တစ်နေရာတွင် ရွှေဘိုမြို့သို့ထွက်ခွာလာသော (၁၂) ဘီးယာဥ်တစ်စီးနှင့် အိမ်စီးကားတစ်စီးပါသော စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း (၁၅)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါ အကြမ်းဖက်စစ်ဗိုလ်၏ ဇနီးဖြစ်သူနှင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း၊ အိမ်စီးကားပေါ်ပါ အကြမ်းဖက် စစ်သားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SBDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုစစ်ဆင်ရေးအား Shwebo Defense Force(SBDF)နှင့် မဟာမိတ်များဖြစ်ကြသော ရွေဘိုခရိုင်တပ်ရင်း(ရွေဘိုခရိုင်တပ်ရင်း၂၃)နှင့် ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Shwe Bo Defense Force-SBDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းမပိုင်းများပေါ်တွင် SBDF တပ်စိပ်များ၊ မဟာမိတ်အဖွဲ့များ၊ လှုပ်ရှားလျက်ရှိပြီး နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံတွင် တိုက်ခိုက်လျက်ရှိကြောင်း SBDFက အသိပေးသည်။

ပြည်သူများ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် မိမိတို့နယ်မြေလွတ်မြောက်နယ်မြေဖြစ်လာရန် ကြိုးပမ်းရာတွင် ပြည်သူ့ရန်သူ သတင်းပေးဒလံများ၊ ပျူများနှင့် အုပ်ချုပ်ရေးမှူးများအားလုံးကိုလည်း ပြတ်ပြတ်သားသားဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း SBDFက ထပ်မံကြေညာ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။