တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း လက်ရှိအချိန်အထိ ဒုတိယဝန်ကြီးအဆင့်ကိုသာ အမြင့်ဆုံးတွေ့ဆုံခွင့်ရရှိထားပြီး ရုရှားအစိုးရထိပ်တန်း ပုဂ္ဂိုလ်များက လက်ခံတွေ့ဆုံခြင်းမရှိပေ။
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားနှင့် စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်မှုများမြှင့် တင်ရေး အခြေအနေများကို ဆွေးနွေးခဲ့သော်လည်း အဆိုပါ ဆွေးနွေးပွဲကို ရုရှားဘက်မှ ကာကွယ်ရေးဝန်ကြီးအစား ဒုတိယဝန်ကြီး အလက်ဇန်းဒါးဖိုမင်ကသာ ဦးဆောင်တက်ရောက် ခြင်းဖြစ်သည်။
မင်းအောင်လှိုင်သည် ရုရှားသို့ လျှို့ဝှက်သွားရောက်ခဲ့ကာ ခရီးစဉ် သုံးရက်မြောက်နေ့တွင်မှ ၎င်း၏ စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာများက သတင်းထုတ်ပြန်လာခြင်းဖြစ် သည်။
ခရီးစဉ် ပထမနှစ်ရက်အတွင်း မင်းအောင်လှိုင်သည် ရုရှားကာကွယ်ရေးဒုတိယဝန်ကြီး၊ Roscosmos အထွေထွေညွှန်ကြားရေးမှူးချုပ် အဆင့်များကိုသာ တွေ့ဆုံခွင့်ရခဲ့သည်။

Public Service Announcement
မင်းအောင်လှိုင်သည် တရားမဝင်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရုရှားသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ပထမအကြိမ်က ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခွင့်မရခဲ့ပေ။


















































