Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းအရှေ့ခြမ်းရွာအချို့အားတိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ကြောင်းထိုးဝင်ရောက်

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှု အခြေအနေကို မကြားရသေးကြောင်း၊ မရကန် ဒေသခံများ အပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

ဒီပဲယင်း
ဒီပဲယင်း

▪️စစ်ကြောင်းထိုးဝင်လာသည့် တပ်မှစစ်ကောင်စီတပ်သား သုံးဦးထက်မနည်းထွက်ပြေးပြီး CDM ပြုလုပ်

အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာအချို့ကို ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒီးပဲယင်းဒေသခံက ပြောသည်။

ယနေ့ (ဇူလိုင် ၁၄ရက်) နေ့လည် ၁နာရီ ခွဲခန့်မှစ၍ လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အရှေ့ခြမ်းဘက်မှာ MI 35 နှစ်စီးနဲ့ ပတ်ပစ်သွားတယ်။ ပြီးတော့ ၂စီးနဲ့ လူချတယ်ပေါ့။ ဘယ်လိုထူးခြား ချက်ရှိလဲဆိုတော့ ပထမ မြေပြင်စစ်ကြောင်းက သူတို့ မရကန်ဘက်ကို ဦးတည်ထွက်တဲ့ အချိန်မှာ ဝေဟင်ကနေ နှစ်စီးနဲ့ မရကန် ပတ်ချာလည် ညောင်လှတို့ ငများတို့ယဉ်ကျေးတို့ အဲဒီရွာတွေကို ပတ်ပစ်တယ်။ ပစ်ပြီးနောက်ထပ် နှစ်စီး ထပ်လာပြီးချပြီးတော့ မရကန်ကို ညှပ်မယ့်သဘောလား ဒါမှမဟုတ် ညောင်လှဘက်ကို ညှပ်ထိုးမယ့်သဘောလားပဲ”ဟု ဒီပဲယင်းဒေသခံက ပြောသည်။

လတ်တလောတွင် အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှု အခြေအနေကို မကြားရသေးကြောင်း၊ မရကန် ဒေသခံများ အပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းအနောက်ခြမ်းမှ အရှေ့ခြမ်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ပြီးအဆိုပါ စစ်ကြောင်းသည် စစ်ကောင်စီတပ်သားအချို့ စစ်ကြောင်းမှ ထွက်ပြေးကာ CDM ပြုလုပ်မှုများ ရှိသည်ဟု ဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့ထံ CDM လုပ်ပြီး ရောက်ရှိလာသည့် စစ်ကောင်စီတပ်သား သုံးဦးရှိပြီး ယင်းအရေအတွက်ထက်ပိုနိုင်ကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook