Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းအရှေ့ခြမ်းရွာအချို့အားတိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ကြောင်းထိုးဝင်ရောက်

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှု အခြေအနေကို မကြားရသေးကြောင်း၊ မရကန် ဒေသခံများ အပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

ဒီပဲယင်း
ဒီပဲယင်း

▪️စစ်ကြောင်းထိုးဝင်လာသည့် တပ်မှစစ်ကောင်စီတပ်သား သုံးဦးထက်မနည်းထွက်ပြေးပြီး CDM ပြုလုပ်

အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာအချို့ကို ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒီးပဲယင်းဒေသခံက ပြောသည်။

ယနေ့ (ဇူလိုင် ၁၄ရက်) နေ့လည် ၁နာရီ ခွဲခန့်မှစ၍ လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အရှေ့ခြမ်းဘက်မှာ MI 35 နှစ်စီးနဲ့ ပတ်ပစ်သွားတယ်။ ပြီးတော့ ၂စီးနဲ့ လူချတယ်ပေါ့။ ဘယ်လိုထူးခြား ချက်ရှိလဲဆိုတော့ ပထမ မြေပြင်စစ်ကြောင်းက သူတို့ မရကန်ဘက်ကို ဦးတည်ထွက်တဲ့ အချိန်မှာ ဝေဟင်ကနေ နှစ်စီးနဲ့ မရကန် ပတ်ချာလည် ညောင်လှတို့ ငများတို့ယဉ်ကျေးတို့ အဲဒီရွာတွေကို ပတ်ပစ်တယ်။ ပစ်ပြီးနောက်ထပ် နှစ်စီး ထပ်လာပြီးချပြီးတော့ မရကန်ကို ညှပ်မယ့်သဘောလား ဒါမှမဟုတ် ညောင်လှဘက်ကို ညှပ်ထိုးမယ့်သဘောလားပဲ”ဟု ဒီပဲယင်းဒေသခံက ပြောသည်။

လတ်တလောတွင် အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှု အခြေအနေကို မကြားရသေးကြောင်း၊ မရကန် ဒေသခံများ အပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းအနောက်ခြမ်းမှ အရှေ့ခြမ်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ပြီးအဆိုပါ စစ်ကြောင်းသည် စစ်ကောင်စီတပ်သားအချို့ စစ်ကြောင်းမှ ထွက်ပြေးကာ CDM ပြုလုပ်မှုများ ရှိသည်ဟု ဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့ထံ CDM လုပ်ပြီး ရောက်ရှိလာသည့် စစ်ကောင်စီတပ်သား သုံးဦးရှိပြီး ယင်းအရေအတွက်ထက်ပိုနိုင်ကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။