Connect with us

Hi, what are you looking for?

News

မိုးကုတ်တွင် မိုးသည်းထန်ပြီးမြေပြိုသဖြင့် အသက်၅ နှစ်အရွယ်က​လေးငယ်အပါအဝင် မိသားစုဝင်သုံးဦး​သေဆုံး

အမိ နှစ်ဦး၊ အဖိုးကြီးတစ်ဦး၊ ကလေးက ၅ နှစ်အရွယ်ပဲရှိသေးတယ်”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

ဓါတ်ပုံ-Myanmar Fire Services Department ၊ CJ

မိုးကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ​မြေပြိုမှုကြောင့် အုတ်တံတိုင်း၊ ထရန်စဖော်မာနှင့် ဓာတ်တိုင်ပြိုကျရာမှ လူနေအိမ်တစ်လုံးပေါ်ပိမိ၍ အသက် ၅ နှစ်အရွယ်က​လေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံးခဲ့သည်။

“သားအမိ နှစ်ဦး၊ အဖိုးကြီးတစ်ဦး၊ ကလေးက ၅ နှစ်အရွယ်ပဲရှိသေးတယ်”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ် အင်းခေါင်းရပ်ကွက်တွင် သြဂုတ် ၁၂ ရက်နံနက် ၈ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါရပ်ကွက်ရှိ ဆီဆိုင်ဝင်းအုတ်တံတိုင်းနှင့် လျှပ်စစ် ထရန်စဖော်မာ(၁)လုံး ၊ ဓာတ်တိုင်(၂)တိုင်ပြိုကျခဲ့ပြီး အဆိုပါ အုတ်တံတိုင်းဘေးရှိ ထရံကာ၊ သွပ်မိုး၊ မြေစိုက်(၁၅x၁၀)ပေ လူနေအိမ်(၁)လုံးပေါ်သို့ ပိမိ၍ အိမ်အတွင်းရှိ လူ(၃)ဦးပိမိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများခဲ့လို့ အိုးပုတ်ပွဲစျေး ရေမြုပ်ပြီး အိုးပုတ်ဆိုင်တချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။